ရွှေပြည်သာ(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးနဲ့(၇)ရပ်ကွက် အုပ်ချုပ်ရေးမှုးနှင့်အပေါင်းအပါတွေ စုဝေးရာနေရာ (၂)ခုတွင် ဗုံးပေါက်ကွဲ၍ (၄)ဦးထိခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အမှတ်(၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးနဲ့(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အပေါင်း အပါတွေစုဝေးရာ နေရာ (၂) ခုတွင် ဒီကနေ့ ည (၇:၀၀) ဝန်းကျင် အချိန်ခန့်တွင်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

" ပေါက်တာက နှစ်နေရာ မိနစ်ပိုင်းတော့ ခြားတယ် နှစ်နေရာလုံးမှာ ထိခိုက်မှုရှိတယ်လို့ကြားတယ် ရုံးဘက်ခြမ်းမှာပေါက်တာက ရာအိမ်မှူးတစ်ဦး ထိတယ် နောက်တစ်နေရာ ဓမ္မာရုံနားမှာက (၃)ဦးထိတယ်ဗျ ဒဏ်ရာရတဲ့ပုံစံမျိုးပေါ့ သေတယ်ဘာညာတော့ မကြားဖူးလို့ " ဒေသခံတွေနဲ့ ဒေသအခြေစိုက် SPT Info ကဆိုပါတယ်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နန်းထိုက်အောင် စစ်ဆင်ရေး အုပ်ချုပ်ရေးပစ်မှတ်အဖြစ် ရွှေပြည်သာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၃) တပ်စု (၁)နှင့် YUGA (MO-7 Eagle) တို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပြီး ရဲဘော်အားလုံး ဘေးကင်း လုံခြုံမှုရှိကြောင်းဖော်ပြထားကာ ထိခိုက်/သေဆုံးမှု အတိအကျမသိရသေးဘူးလို့ ထုတ်ပြန်ဖော်ပြထားပါသည်။

ဩဂုတ်လ ၁၁ ရက် ၊ ၂၀၂၂


#ရွှေပြည်သာ

#ဗုံးပေါက်ကွဲမှု(ပုံဟောင်း)

#HTY_Information

လှိုင်သာယာမြို့နယ် အောင်ဇေယျအိမ်ယာမှာ လူသေလောင်း (၁)လောင်း လာပစ်သွား

HTY Information 5 months ago

ယမန်နေ့ညမှ ယနေ့မနက်ပိုင်းအတွင်း စကစ တပ်စခန်း (၃) ခုအား ​KIA ဝင်တိုက်၊...

HTY Information 1 year ago

လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်အတွင်း စစ်ကောင်စီတပ်များ ပြည်သူများ၏...

HTY Information 5 months ago

ဇန်နဝါရီလအတွင်း အာဏာသိမ်းစစ်ကောင်စီမှ လေကြောင်းသုံးတိုက်ခိုက်မှု ၁၉ က...

HTY Information 8 months ago

ဒလန်ရှင်းလင်းရေး အမည်ခံ၍ ပြည်သူများကို ညှင်းပမ်းနှိပ်စက်နေသူများကို ကလ...

HTY Information 11 months ago