ယာဥ်ထိန်းရဲချင်း ရန်ဖြစ်ရာမှ ဝင်ရောက်ဖျန်ဖြေခဲ့သော ယာဥ်ထိန်းရဲ သေနတ်ဖြင့်အပစ်ခံရ၍သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင်အာဏာသိမ်းစစ်ကောင်စီ၏ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်ချင်းခိုက်ရန်ဖြစ်ပွားရာ ဝင်ရောက်ဖျန်ဖြေခဲ့သောရဲတစ်ဦး ယမန်နေ့စက်တင်ဘာ ၅ ရက် ညအချိန်က သေနတ်ဖြင့် အပစ်ခံရ၍သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုဖြစ်စဉ်ကြောင့် ပစ်ခတ်ခံရ၍ သေဆုံးသူသည် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဦးလှမင်းအောင်ဆိုသူဖြစ်ကြောင်းသိရသည်။

အသက် (၄၀)အရွယ် ဦးလှမင်းအောင်အား သေနတ်ဖြင့် ပစ်ခတ်သူမှာလည်း ယာဉ်ထိန်းရဲပင်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု လောက်ကိုင်မြို့သတင်းရင်းမြစ်မှဖော်ပြထားသည်။

သေဆုံးသည့်ရဲ၏ ရုပ်အလောင်းကို လောက်ကိုင်မြို့အခြေစိုက် ဂရုဏာဟဒယလူမှုကူညီရေးအသင်းက သယ်ဆောင်ကာ သုသာန်တွေ မီးရှို့သဂြိုလ်ခဲ့ကြောင်းသိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာလ ၆ ရက်၊ ၂၀၂၁

#ရဲအချင်းချင်းပစ်ခတ်မှု

#လောက်ကိုင်သတင်းစဥ်

#HTY_Information


တာလီဘန်များနှင့် လေးလေးနက်နက်၊ ရင်းရင်းနှီးနှီးဆက်ဆံရန် အဆင်သင့်ပါဟု တ...

HTY Information 9 months ago

NUG အစိုးရ၏ "နွေဦးထီ" အား ဝယ်ယူရောင်းချရာတွင်အသုံးပြုသည့်ငွေကြေးလွှဲပြ...

HTY Information 9 months ago

မြင်းခြံတွင် ယာဉ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

HTY Information 11 months ago

ရန်ကုန်မြို့မှာရှိတဲ့ ရွှေဆိုင်တွေကို တစ်နေ့ရောင်းရတဲ့ ရွှေပမာဏစာရင်းတ...

HTY Information 1 month ago

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Mai Yi Bei အထည်ချုပ်စက်ရုံ...

HTY Information 10 months ago