ရန်ကုန်မြို့တွင်း စစ်တပ်ရဲ့ဗိုလ်ကြီးအပါအဝင် စစ်ကောင် စီသတင်းပေးတွေကို ANONYMOUS Urban Guerrillas မှရှင်းလင်းခဲ့တယ်လို့ထုတ်ပြန်

ရန်ကုန်မြို့မှာ ဇူလိုင်လ (၁)လ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီ သတင်းပေး ဒလန်တွေကို ရှင်းလင်းခဲ့တယ်လို့ ဒေသအခြေစိုက်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ANONYMOUS Urban Guerrillas က ဒီကနေ့ထုတ်ပြန်ပါတယ်။

ANONYMOUS Urban Guerrillas အနေဖြင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေနဲ့ သတင်းပေး ဒလန်တွေကို ပြည်သူများအား နိုင်ထက်စီးနင်းမလုပ်ရန်နှင့် စစ်ကောင်စီနဲ့ ပူပေါင်းခြင်းမပြုရန် သတိပေးတာမြစ်ခဲ့သောလည်း လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် ရှင်းလင်းမှုတွေ စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၄ ရက်နေ့မှာ လှည်းတန်းဈေးသည်တွေရဲ့ ဥစ္စာ ပစ္စည်းတွေကို စစ်တပ်က မီးရှို့ဖျက်စီသည်အထိ သတင်း ပေးတိုင်တန်းခဲ့သော ညီအမ(၂)ဦးကို လှည်းတန်း ၂ လမ်း ထိပ်မှာရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါသည်။

ဒါအပြင် ဇူလိုင် ၁၅ ရက်နေ့တွင်လည်း စစ်ကောင်စီနဲ့ ပူပေါင်းကာ ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် သတင်းပေး စေခိုင်းနေတဲ့ ရာအိမ်မှူး ကိုလတ်(ခ)ခင်မောင်လတ်ကို မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ၂ လမ်း မှာ ထပ်မံရှင်းလင်းခဲ့ပြီး ဒီကနေ့ ဇူလိုင် ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအောင်နိုဖြိုး ကို လှိုင်မြို့နယ် (၂) ရပ်ကွက် ဘုရင့်နောင် (၉) လမ်းမှာ အပြီးတိုင်ရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားကာ ကျန်ရှိနေသေးတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတွေနဲ့ သတင်းပေးဒလန်တွေကို ထပ်မံရှင်းလင်းသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန် ဖော်ပြထားပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇူလိုင် ၁၈ ရက် ၊ ၂၀၂၂


#ရန်ကုန်မြို့တွင်းပစ်ခတ်မှု

#ANONYMOUS_Urban_Guerrillas

#HTY_Information 

အမျိုးသားညီညွှတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်ဝယ်ယူခြင်းဟာ တရားဝင်မှုမရှိသ...

HTY Information 10 months ago

ပြည်သူတွေပိုက်ဆံနည်းနည်းနဲ့ ဆေးရုံတွေမှာ ဆေးကုနိုင်ဖို့လုပ်နေတယ်လို့ က...

HTY Information 7 months ago

လွတ်လပ်ပြီးအမှီအခိုကင်းသည့် သတင်းသမားများကိုကူညီပါ

HTY Information 1 year ago

လှိုင်သာယာမြို့နယ်မှ စစ်ကောင်စီသတင်းပေး ပျူးစောထီးအဖွဲ့ဝင်ဟု သတ်မှတ်ခံ...

HTY Information 10 months ago

လှိုင်သာယာမြို့နယ်တွင်း PDF နှင့် CDM ဝန်ထမ်းများကို အိမ်ရောင်းဝယ်ငှား...

HTY Information 11 months ago