HTY Information 11 months ago

ရန်ကုန် ထန်းတပင်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်တပင်မြို့နယ်၊ မရွှေဥကျေးရွာတွင် ဒီကနေ့နံနက် (၇:၀၀)ဝန်းကျင်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်းသိရသည်။

ပစ်ခံခံရသူသည် မရွှေဥ မငေးစု ဥက္ကဌ ကျေးရွာ(၂)ရွာ အုပ်ချုပ်ရေးမှူဖြစ်သူ ဦးဝင်းထွဋ် ဖြစ်ပြီး မရွှေဥကျေးရွာနှင့် စန္ဒာယော်ရွာကြား ပုသိမ်လမ်းမကြီးပေါ်ရှိ လေထိုးကျွတ်ဖာဆိုင်ရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။


အဆိုပါ အုပ်ချုပ်ရေးမှူးသည် ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီ၏အမာခံ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ကျေးရွာများတွင် တက်ကြွလှုပ်ရှားသူများအား စစ်ကောင်စီနှင့်ပေါင်းကာ ဖိနှိပ်သူတစ်ဦးဖြစ်ကြောင်းသိရသည်။ 

အဆိုပါ ထန်းတပင်မြို့နယ်သည် လှိုင်သာယာမြို့နယ်နှင့်ထိစပ်နေသော်လည်း ရပ်ကျေးများနှင့် စကစများ ပူပေါင်း၍ ပြည်သူအများ ဖိနှိပ်ခံနေရကြောင်း ပေးပို့လာသော သတင်းများအရမကြာခဏကြားသိရသော မြို့နယ်တစ်ခုဖြစ်ပြီး ယခုအခါ အုပ်ချုပ်ရေးမှူးတစ်ဦး စတင်ပစ်ခတ်ခံရခြင်းဖြစ်ပါသည်။ 

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


အောက်တိုဘာလ ၈ ရက်၊ ၂၀၂၁


#ထန်းတပင်

#အုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

#HTY_Information

တရုတ်အစိုးရမှ ယောက်ျားမပီသသော အသွင်သဏ္ဍန်ရှိသည့် ယောက််ျားများကို TV တ...

HTY Information 1 year ago

တောင်ကိုရီးယားနှင့် အမေရိကန်ပူးပေါင်းစစ်ရေးလေ့ကျင်မှုသည် တောင်/မြောက်...

HTY Information 1 year ago

ဆရာဝန်၊အနုပညာရှင်နှင့်လုပ်ငန်းရှင်အချို့အား ပုဒ်မ505(က) ဖြင့် ဖမ်းဆီး...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်က လူငယ် (၈)ဦးအပါအဝင် ရန်ကုန်လူငယ် (၁၅)ဦးကို ထောင်တသက...

HTY Information 6 months ago

နိုင်ငံရေး စီးပွားရေးအကျပ်အတည်းတွေကြုံတွေနေရတဲ့ သီရိလင်္ကာနိုင်ငံကို လ...

HTY Information 2 months ago