ရန်ကုန် ထန်းတပင် ပန်တိုင်ဂိတ်စခန်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့ကာ စစ်ကောင်စီကသတင်းဖုံးထား

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စစ်ကောင်စီရဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်မှာ ယမန်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံများထံမှသိရပါတယ်။

အဆိုပါပစ်ခတ်မှုအား စစ်ကောင်စီက သတင်းဖျောက်ထားသလို သတင်းပေါက်ကြားပါကလည်း ပစ်ခတ်ခံရမယ်လို့ ဖြတ်သန်းသွားလာနေသည့်မော်တော်ယာဉ်များအား ခြိမ်းခြောက်ထားကြောင်းသိရပါတယ်။

ယမန်နေ့ ဇွန်လ ၁၇ ရက် ညနေ (၃:၀၀)ဝန်းကျင်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး PDF ဟု ယူစရသော လူများအများ ပစ်ခတ်ဖမ်းဆီးခံရသလို့ သေဆုံးသူနဲ့  အရှင်ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့သိရပါတယ်။

"မနေ့က ကားတွေက ၂ခွဲလောက်ကစပိတ်တယ် ၄ ခွဲလောက်မှ ကားတွေပြန်သွားလို့ရတယ် ပထမကားစစ်နေလို့ပဲထင်တာ သိပ်မကြာဖူး သေနတ်သံတွေကြားရတယ် နောက်ပြီး စစ်တပ်က ဖုန်းမသုံးကြဖို့နဲ့ ပစ်ခတ်မှုဖြစ်တဲ့ဘက်ကို မကြည့်ရဘူးလို့ပြောတယ် ကြည့်ရင်ပစ်ခံရမယ် ဒီသတင်းပေါက်ကြားရင် သူတို့အဆိုးမဆိုနဲ့လို့လည်းပြောတယ် အဲ့ပစ်ခတ်မှုမှာ သူတို့စစ်တပ်ဘက်ကတော့ သေချာမသိဖူး အဲ့ဂိတ်နားကားဖြတ်ရတဲ့အချိန် ကောင်လေးတွေ အင်္ကျီချွတ်ပြီးခေါ်သွားတာတွေ့တယ် နောက်ပြီး ပစ်ခံရတဲ့ ကောင်လေးတွေလည်း ဝါတာပူး တွေနဲ့အုပ်ထားတယ် အထဲမှမသေသေးဘဲ အုပ်ထားလို့ ရုန်းနေတာတွေ့ခဲ့ရတယ် သေနတ်ထိတာပဲ ၃ယောက် ဒီတိုင်းအရှင်ဖမ်းထားတာတွေလည်းတွေ့ခဲ့တယ်လို့ " မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးကဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်အဖွဲ့အချို့ကို ချိတ်ဆက်မေးမြန်းစုံစမ်းတဲ့အခါမှာတော့ ပစ်ခတ်မှုဖြစ်ခဲ့တာတော့ ဟုတ်ပါတယ် ဒါပေမဲ့ ဘယ်အဖွဲ့လည်းဆိုတာတော့မသိရသေးဘူး ရန်ကုန်အခြေစိုက်မဟုတ်ဖူးထင်လို့ပြန်လည်ဖြေကြားခဲ့ပြီး ပစ်ခတ်မှုကို အတည်ပြုပေးခဲ့ပါတယ်။

၎င်းပစ်ခတ်မှုအား ယနေ့ညနေအချိန်ထိ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာမျိုးမရှိသေးသလို ပစ်ခတ်ခဲ့သော အဖွဲ့အစည်းမှာလည်း မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားနာမျိုးမတွေ့ရှိရသေးပါဘူး။ ဒါပြင် အဆိုပါဖြစ်စဉ်၌(၂)ဖက်ထိခိုက် သေဆုံးသူ အတိအကျကိုတော့ စုံစမ်းသတင်းရယူနေဆဲဖြစ်ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇွန်လ ၁၈ ရက် ၊ ၂၀၂၂


#ရန်ကုန်

#ပန်တိုင်ဂိတ်စခန်းပစ်ခတ်မှု

#HTY_Information

အရည်အသွေးအကောင်းဆုံး တာယာများထုတ်လုပ်နေသော BRIDGESTONE လည်း မြန်မာနိုင...

HTY Information 1 year ago

ထိုင်းနိုင်ငံတွင် ရဲများမှကျည်အစစ်မသုံးဘူးဟု ပြောဆိုခဲ့ပြီးနောက် ဆန္ဒပ...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်အတွင်း KTV Bar များဖွင့်လှစ်ပြီး အရက် ဘီယာအရောင်းဆို...

HTY Information 5 months ago

လှိုင်သာယာမြို့နယ် ရပ်ကွက်ဧည့်စာရင်းရုံး ဗုံးပေါက်ကွဲ၍ ရာအိမ်မှူးအပါအဝ...

HTY Information 8 months ago

မြန်မာနိုင်ငံတွင် Covid အသွင်ပြောင်းပိုး ၃မျိုးတွေ့ရှိ

HTY Information 1 year ago