HTY Information 11 months ago

ရန်ကုန် လှိုင်မြို့နယ်တွင်း ဗုံး (၂)လုံးပေါက်ကွဲ၍ မြို့နယ်စခန်းမှုးအပါအဝင် ရဲ(၃)ဦးနှင့် အမှိုက်ကောက်သူတစ်ဦးထိခိုက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အမှတ်(၉) ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ ဒီကနေ့ နေ့လည် (၂:၃၀)ဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး အမှိုက်ကောင်သူတစ်ဦးနဲ့ မြို့နယ်ရဲစခန်းမှူးအပါအဝင် ရဲ(၃)ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အနီးနားရှိအမှိုက်ကောက်နေသော ဇော်မျိုးထွန်းဆိုသူ လက်ပြတ်သွားခဲ့ပြီး ပေါက်ကွဲမှုအား လာရောက်စစ်ဆေးစဉ် ဒုတိယအကြိမ်ထပ်မံပေါက်ကွဲခဲ့သည့်အတွက် ရဲကားတွင်လိုက်ပါလာသော မြို့နယ်မှူး၊ စခန်းမှူးနှင့် ရဲတပ်သားတစ်ဦး ထပ်မံထိခိုက်ဒဏ်ရာရှိခဲ့ပြီး ကားမှန်များလည်း ကွဲထွက်ပျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။

ပေါက်ကွဲမှုမဖြစ်ခင် နာရီပိုင်းအလိုကတည်းက မက္ခရာတော်လှန်ရေးအင်အားစု လူမှုကွန်ယက်စာမျတ်နှာကတဆင့် ဗုံးဖောက်ခွဲမှာဖြစ်လို့ ပြည်သူအများရှောင်ရှားနေကြဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး Post တင်ပြီး (၁)နာရီအကြာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလည်းဖြစ်တယ်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


အောက်တိုဘာလ ၈ ရက်၊ ၂၀၂၁


#လှိုင်မြို့နယ်

#ရပ်ကွက်ရုံးဗုံးပေါက်ကွဲမှု

#HTY_Information

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှပြည်သူ့အာဏာလုယူခဲ့သည်မှာ ရက်(၁၀၀)ပြည့်ခဲ...

HTY Information 1 year ago

စစ်အုပ်ချုပ်ရေးကြေညာချက်ထုတ်ပြန်ထားသော လှိုင်သာယာတွင်နေ့စဉ် ခိုးမှု၊ လ...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်တွင်း စစ်အုပ်ချုပ်ရေး လက်အောက် ပိုမိုတင်းကျပ် ထိန်းခ...

HTY Information 1 year ago

ရည်မှန်းချက်တွေမပြည့်မချင်း နောက်ဆုတ်သွားဖို့မရှိတာကြောင့် ယူကရိုန်းကိ...

HTY Information 5 months ago

NLD ပါတီဝင်များအား ဖမ်းဆီးထားပြီး NLD ပါတီကို ဖျက်သိမ်းဖို့ အစီအစဉ်မရှ...

HTY Information 8 months ago