HTY Information 4 months ago

တရုတ်လေယာဉ်များ နိုင်ငံပိုင်နက်ထဲဝင်ရောက်လာ၍ ထိုင်ဝမ်မှ တိုက်လေယာဉ်များ အရေးပေါ် လွှတ်တင်ခဲ့

ယမန်နေ့ စက််တင်ဘာ ၅ ရက် နေ့က တရုတ်နိုင်ငံမှ လေယာဉ် (၁၉) စင်း ထိုင်ဝမ်လေပိုင်နက်ထဲကို ဝင်ရောက်လာခဲ့သည့်အတွက် တိုက်လေယာဉ်များ အရေးပေါ် စေလွှတ်ခဲ့ရသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်မှ လေယာဉ်များတွင် Y-8 အမျိုးအစား ရေငုပ်င်္ဘောထောက်လှမ်းဖျက်ဆီးသည့် လေယာဉ်တစ်စင်း အပါအဝင်၊ နျူကလီးယားလက်နက်များတင်ဆောင်နိုင်သည့် H-6 အမျိုးအစား လေယာဉ် ၄ စင်း၊ J-16 အမျိုးအစား 10 စင်း၊ SU-30 အမျိုးအစား ၄ စင်း တို့ ပါဝင်ပြီး၊ ထိုင်ဝမ်တောင်ဘက်စွန်းရှိ လေကြောင်းကာကွယ်ရေး နယ််ပယ်ထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက Twitter မှ တဆင့် ထုတ်ဖော်ပြောခဲ့သည်။ 

တရုတ်လေယာဉ်များကို ထောက်လှမ်းမိပြီး မကြာမှီပင် ထိုင်ဝမ်မှ လေကြောင်းကင်းလှဉ့်အဖွဲ့များ စေလွှတ်ခဲ့ပြီး၊ လေယာဉ်ပစ်ချသည့် ဒုံးကျည်စနစ်ကိုလည်း အဆင်သင့်ပြင်၍ တရုတ်လေယာဉ်များ၏ အခြေအနေကို စောင့်ကြည့်နေခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးမှ ပြောခဲ့သည်။ 

ထို့အပြင် စနေနေ့ စက်တင်ဘာ (၄) ရက်နေ့ကလည်း တရုတ်တိုက်လေယာဉ်လေးစင်း ထိုင်ဝမ်လေပိုင်နက်ထဲ ဝင်ရောက်ခဲ့သေးကြောင်း သိရသည်။ 

 တရုတ်ပြည်မှ ထိုင်ဝမ်ပိုင်နက်ကို ကျူးကျော်မှုများ ဆိုးဆိုးရွားရွားကျူးလွန်လျက်ရှိပြီး၊ ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ၎င်းတို့ပိုင်ကြောင်း အခိုင်အမာ ပြောဆိုလျက်ရှိခြင်း ဖြစ်သည်။ ထိုင်ဝမ်နိုင်ငံသည် တရုတ်ပြည်မကြီး၏ တောင်ဘက်စွန်းပိုင်းတွင် တည်ရှိသော ကျွန်းစွယ်နိုင်ငံဖြစ်ပြီး လူပေါင်း (၂၄) သန်းခန့်နေထိုင်သည့် ဒီမိုကရေစီနိုင်ငံဖြစ်ပြီး၊ နှစ်ပေါင်း (၇၀) ကျော်ကြာအောင် သီးခြားအုပ်ချုပ်ရေးအစိုးရနှင့် နေထိုင်လာကြခြင်း ဖြစ်သည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာ ၆ ရက်၊ ၂၀၂၁

HTY Information

#ဓာတ်ပုံ_အဟောင်း

#Taiwan

#China

#HTY_Information

မြောက်ဥက္ကလာတွင် တံတားလုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပ...

HTY Information 3 months ago

မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက မြန်မာဘီယာထုတ်လုပ်ခြင်းကို ဖျက်သိမ်းရ...

HTY Information 1 month ago

ထန်းတပင်၊ ကြံ့ခိုင်ရေးအတွင်းရေးမှူးလှအောင် သတ်ခံရမှုနှင့်ပတ်သတ်သည်ဟုစွ...

HTY Information 1 month ago

ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြည်တွင်းပြန်လာပြီး အေးတူပူအမျှ အတူနေထိ...

HTY Information 4 months ago

Covid-19 မွေးဖွားရာ ဝူဟန်မြို့တွင် Covid ပြန်လည်ရောက်ရှိလာသောကြောင့် တ...

HTY Information 5 months ago