HTY Information 2 months ago

တရုတ်၊ဘေဂျင်းတွင် လေထုညစ်ညမ်းမှုဆိုးရွားလာသောကြောင့် အဝေးပြေးလမ်းများနှင့် ကျောင်းကစားကွင်းများပိတ််ထားရ

တရုတ်နိုင်ငံမြို့တော်၊ ဘေဂျင်းတွင်၊ လေထုညစ်ညမ်းမှုဆိုးဝါးလာသောကြောင့် စာသင်ကျောင်းများရှိ ကစားကွင်းများနှင့် အဝေးပြေးလမ်းမကြီးများကို ယနေ့ နိုဝင်ဘာ ၅ ရက်နေ့တွင် ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ ပိုမိုမြင့်တက်လာသောကျောက်မီးသွေးထုတ်လုပ်မှုသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသောကြောင့် နိုင်ငံတကာ၏ သတိပေးစောင့်ကြည့်ခြင်းကို ခံနေရခြင်းလည်း ဖြစ်သည်။

မြှုမှုန်များ ထူထပ်စွာကျဆင်းနေခြင်းကြောင့် အချို့နေရာများတွင် ပတ်ဝန်းကျင် မီတာ ၂၀၀ အထိပင်မြင်နိုင်စွမ်းမရှိဟု နိုင်ငံ၏ မိုးလေဝသဌာနမှ ထုတ်ပြန်ထားသည်။ ဘေဂျင်းမြို့အာဏာပိုင်များမှ အဆင်မပြေသောရာသီဥတု အခြေအနေကြောင့် မြို့တော်အတွင်းရှိ ကျောင်းများတွင် ပြင်ပ လေ့ကျင့်ခန်းများ၊ ကစားကွင်းများ ပိတ်ထားမည်ဖြစ်ပြီး၊ အခြားသောမြို့ကြီးများနှင့် ဆက်သွယ်ထားသော အဝေးပြေးလမ်းများကိုလည်း ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၂၁ အောက်တိုဘာ ၃၁ ရက်မှ၊ နိုဝင်ဘာ ၁၂ ရက်နေ့အထိ ဥရောပ၊ စကော့တလန်နိုင်ငံတွင်ကျင်းပခဲ့သော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ရာသီဥတုဖောက်ပြန်မှုများကို ကာကွယ်တားဆီးနိုင်ရေး ညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များတက်ရောက်ဆွေးနွေးခဲ့ကြသော်လည်း၊ တရုတ်သမ္မတ ရှီချင်းပင်မှ တက်ရောက်ခြင်းမရှိပဲ စာသာပေးပို့ခဲ့သည်ဟု သိရသည်။ တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် ရာသီဥတုဖောက်ပြန်မှုများကိုဖြစ်ပေါ်စေသောဓာတ်ငွေ့များ အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သည်ဟုလည်း သိရသည်။ 

ယခု လေထုညစ်ညမ်းမှုသည် စနေနေ့ညနေပိုင်းအထိ ကြာမြင့်နိုင်သည်ဟု ခန့်မှန်းထားပြီး၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတွင်းစွမ်းအင်မလုံလောက်မှုကို လျှော့ချရန် နေ့စဉ်ကျောက်မီးသွေး တစ်သန်းကျော် မြှင့်တင် ထုတ်လုပ်မည်ဟုလည်း မကြာသေးမှီက ကြေညာထားခြင်း ဖြစ်သည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

နိုဝင်ဘာ ၅ ရက်၊ ၂၀၂၁

HTY Information မှ ဘာသာပြန်ဖော်ပြသည်။

#Photo_Credit

#China

#ClimateChange

#AirPollution

#HTY_Information

လေဆိပ်အသေခံဗုံးခွဲမှု စီစဉ်သူ ၁ ဦးကို ဒရုန်းဖြင့်ပစ်ခတ်နှိမ်နှင်းပြီးန...

HTY Information 4 months ago

ကန်နိုင်ငံမှ အာဖဂန်ပြည်သူအများအား ကူညီကယ်ဆယ်ရေးကြိုးပမ်းနေစဉ် တရုတ်နို...

HTY Information 4 months ago

တန့်ဆည်မြို့နယ် စစ်ကောင်စီသတင်းပေး အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဝင်း ဓ...

HTY Information 7 months ago

ပညာရေး CDM ၈၀၀ ကျော်ရှိသော လှိုင်သာယာတွင်၊ NUG ၏လမ်းညွှန်မှုဖြင့် နေအိ...

HTY Information 2 months ago

လှိုင်သာယာမြို့နယ် ရပ်ကွက်ဧည့်စာရင်းရုံး ဗုံးပေါက်ကွဲ၍ ရာအိမ်မှူးအပါအဝ...

HTY Information 1 week ago