စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ လမ်းဆုံ ဈေးသစ်အနောက်ဘက်တွင် ဒီကနေ့ ညနေ (၅:၁၅)ဝန်းကျင်အချိန်ခန့်က ရဲတပ်ဖွဲ့ဝင် ၂ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
၎င်းပစ်ခတ်ခံရသော ရဲ တပ်ဖွဲ့ဝင် ၂ဦးမှာ နယ်ထိန်း ရဲတပ်ကြပ် မျိုးထက်ဦး နှင့် ရဲတပ်ဖွဲ့ဝင် အောင်သူဝင်း တို့ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ Taze People Comrades- TPCက ယနေ့ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် တန့်ဆည်မြို့၊လမ်းဆုံ ဈေးသစ်အနောက်နား၌ ကိုယ်ပိုင်အမှတ် (လ ၂၆၂၁၂၈) ရဲတပ်ကြပ် မျိုးထက်ဦး နှင့် ရဲတစ်ဦးကို တန့်ဆည်ပြည်သူ့ရဲဘော်များက ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါသည်။
စတင်ဘာလ ၄ ရက်၊ ၂၀၂၁
#တန့်ဆည်
#ရဲနှစ်ဦးသေနတ်ပစ်ခံရ
#HTY_Information