Tianjin Fashion အထည်ချုပ်စက်ရုံအပါအဝင် စက်ရုံအလုပ်ရုံအများ ပိတ်သိမ်း၍အလုပ်ရှင်များထွက်ပြေး

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင်း စက်ရုံအလုပ်ရုံအများ ပိတ်သိမ်းသွားခြင်းမှာ စစ်ကောင်စီအာဏာလုယူပြီးသည့်နောက်ပိုင်း ပိုမိုများပြားလာခဲ့သည်။

ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧပြီလတုန်းကလည်း တစ်ကြိမ်စုံစမ်းဖော်ပြခဲ့ဖူးပါတယ်။HTY Information အနေနဲ့ သိရှိထားရသလောက် ကျန်ရှိစက်ရုံအလုပ်ရုံ အချို့မှာလည်း လက်ကျန်ကုန်ထုတ်လုပ်မှုများသာရှိနေပြီး ဘယ်ချိန်ဘာထဖြစ်မယ်ဆိုတာ ဘယ်သူမှမသိနိုင်ကြပါဘူး။ယခုဆို စက်ရုံ အလုပ်ရုံအများစု ပိတ်သိမ်းသွားခြင်းကြောင့် အလုပ်လက်မဲ့အများအပြားထွက်ပေါ်လာခဲ့ပြီး အခြေအနေအရအလုပ်သစ်ရှာဖွေဖို့လည်း ခက်ခဲလာကြပါတယ်။အချို့သော စက်ရုံအလုပ်ရုံများအနေနဲ့ နစ်နာကြေးအဖြစ် မပြောပလောက်သော ငွေကြေးကိုပေးဆောင်ခဲ့တာမျိုးရှိသလို အချို့စက်ရုံများမှာလည်း အာဏာလုယူပြီးချိန်မှစ၍ ယနေ့ချိန်ထိပြန်ဖွင့်လာတာမျိုးမတွေ့ရတော့ပါဘူး။

ပုံပါ Tianjin Fashion အထည်ချုပ်စက်ရုံဟာ သင်္ကြန်ကာလ ဧပြီ ၁၂ ရက်ထဲက ပိတ်ထားတာဖြစ်ပြီး အလုပ်ပြန်ဖွင့်မယ့် မေ ၃ ရက်က သွားကြည့်တဲ့အခါ စက်ပစ္စည်းအဟောင်းတချို့နဲ့ မီးစက်လောက်သာ ကျန်တော့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

စက်ရုံပိတ်ထားတဲ့အပြင် လစာတွေလည်း မပေးရသေးတာဖြစ်တဲ့အတွက် စက်ရုံရှေ့စု ဝေးတဲ့ အခါမှာလည်း စစ်ကောင်စီဘက်က လူစုလူဝေးမလုပ်ရဟု လာရောက်တားမြစ်တာတွေ ရှိပါတယ်။

အလုပ်သမားတွေရဲ့ဘဝကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ နိုင်ငံခြားသားအလုပ်ရှင်ကို အလုပ်သမားရုံးမှာ တိုင်ထားပေမဲ့ အကြောင်းမထူးသေးဘူးလို့ သိရပါတယ်။


စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စီးပွားရေးအပြင် ဘက်ပေါင်းစုံက ယိုယွင်း ကျဆင်းနေကာ အခုနှစ်မေလကုန်လောက်မှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွေလည်း ပြန်ထွက်သွားဖို့ ရှိနေပါတယ်။

ဒါကြောင့် အလုပ်ရှင်တွေက အလုပ်သမားတွေကို တိုက်ရိုက်အလုပ်မဖြုတ်ဘဲ တစ်ဖက်လှည့်ထွက်ခွာမှုတွေရှိနေတဲ့အတွက် အလုပ်လက်မဲ့ပြဿနာတိုးမြင့်လာနေသလို အလုပ်သမားတွေလည်း စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။


#လှိုင်သာယာမြို့နယ်_Information

နိုင်ငံတကာအနေနဲ့ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဖြေရှင်းမှသာ ပြေလည်မယ်လ...

HTY Information 11 months ago

လှိုင်သာယာမြို့က ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် (၂)ဦး လက်နက်များနှင့်အတူ ဖမ်း...

HTY Information 6 months ago

လှိုင်သာယာမြို့နယ်မှ စစ်ကောင်စီသတင်းပေး ပျူးစောထီးအဖွဲ့ဝင်ဟု သတ်မှတ်ခံ...

HTY Information 10 months ago

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ ဟန်မောက်အထည်ချူပ်စက်ရုံပိတ်...

HTY Information 1 year ago

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တိုက်တစ်လုံးအတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထ...

HTY Information 3 months ago