တပ်မဟာ(၅)နယ်မြေတွင် လေကြောင်းရန်ကြောင့် ပြည်သူများ ကတုတ်ကျင်းတူးအသင့်ပြင်ထားရန် အသိပေးချက်ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေအတွင်း စစ်ကောင်စီမှ လေတွေပြန်ဝဲနေသည့်အတွက် ပြည်သူများ လုံခြုံရေးသတိရှိကြရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ကတုတ်ကျင်းများတူးကာ အသင့်ပြင်ထားရန် အသိပေးထားကြောင်း သိရသည်။

တပ်မဟာ(၅) နယ်မြေတွင် ထိတွေ့မှု ယမန်နေ့ကနေ ဒီကနေ့ထိပါရှိနေခဲ့ပြီဖြစ်ပြီး ယမန်နေ့က လေယာဉ် ၃ကြိမ်ပျံသန်းမှုတွေရှိလာပြီဖြစ်တဲ့အတွက် ပြည်သူတွေကို လုံခြုံရေးအသိရှိဖို့ တပ်မဟာ(၅)က ထုတ်ပြန်ထားခြင်းဖြစ်ကြောင်းသိရသည်။



အကြမ်းဖက်စစ်ကောင်စီ၏ လှုပ်ရှားမှုများအရ ၎င်းတို့စခန်းအချို့ကို ပြန်လည်သိမ်းယူချင်သည့်အနေအထားတွေရှိနေပြီး ၎င်းတို့နှင့်ပူးပေါင်းအဖွဲ့ နယ်ခြားစောင့်တပ်(BGF) တို့မှလည်း အင်အားတိုးချဲ့ဖြည့်နေကြပြီဖြစ်သည်။

တပ်မဟာ ၆ နယ်မြေတွင်မူ အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းဟောင်းတစ်ခုဖြစ်သည့် ကာလိခီးစခန်းကို KNLA တပ်ရင်း ၁၇ တပ်ခွဲ ၁ က ယနေ့ သြဂုတ် ၂၆ ရက် နံနက် ၁၀ နာရီခန့်တွင် သိမ်းယူနိုင်ခဲ့သည်ဟု KNU ဒူးပလာယာခရိုင်မှ သတင်းထုတ်ပြန်ထားသည်။ 

KNU/KNLA တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့များနှင့် KNLA တပ်များ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ပြီး နှစ်ဖက် အကျအဆုံးများ ရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ နယ်မြေများအတွင်းသို့ လက်ရှိအချိန်တွင် အပြင်းအထန် ထိုးစစ်ဆင်နေသကဲ့သို့ တပ်မဟာ ၁၊ ၅၊ ၆ ထိန်းချုပ်ရာ နယ်မြေများအတွင်း ဝေဟင်မှတစ်ဆင့် လေယာဉ်များဖြင့် ထောက်လှမ်းမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဩဂုတ်လ ၂၆ရက်၊ ၂၀၂၁


#KNU

#တိုက်ပွဲ

#ကိုးကား

#HTY_Information

မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်က အရာရှိအပါအဝင်အများအပြားသေဆုံးပြီး စ...

HTY Information 7 months ago

မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကိုကျားပေါက်၏ Doodle Art Ukulele အမေရိကန်...

HTY Information 11 months ago

စက်ရုံအလုပ်ရုံနှင့် ကိုယ်ပိုင်လုပ်ငန်းအများစု ပြိုလဲပိတ်သိမ်းနေရသော်လည...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်တွင်း စက်ရုံအလုပ်ရုံအများစု ပိတ်သိမ်း

HTY Information 1 year ago

တာလီဘန်များမှ ပြန်ပေးသမား ၄ ဦးအားပစ်သတ်ပြီးနောက် အလောင်းများအား မြို့လ...

HTY Information 1 year ago