HTY Information 2 months ago

စစ်ကောင်စီရဲ့ သေဒဏ်ပေးခြင်းခံရသော ၄ ဦးထဲမှ လှိုင်သာယာမြို့ခံ (၂) ဦးဟာ နောက်ဆုံးချိန်ထိ လူသိနည်းစွာကျဆုံးခဲ့

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လိုသလိုပုဒ်မတပ် ဖမ်းဆီးထောင်ချ သေဒဏ်ပေးခံရသူများထဲ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု ၊ ကိုဇေယျာသော် ၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ကို ဥပဒေလုပ်ထုံးလုပ် နည်းအတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။

အဆိုပါ ပြစ်ဒဏ်ကျခံရသူများထဲ လှိုင်သာယာမြို့ခံ (၂) ဦးဟာ နောက်ဆုံးချိန်ထိ လူသိနည်းစွာကျဆုံးခဲ့ကြရတယ်လို့ ၎င်းတို့နဲ့ နီးစပ်သူက ဆိုပါတယ်။

"အဓိကကတော့ ပြစ်ဒဏ်ပေးမယ်ဆိုရင်တောင် မိသားစုကို အကြောင်းကြားသင့်တယ်လေ..အခုက ဘာမှမသိရပဲ သတင်းတွေတက်လာမှ သိရတာဆိုတော့ ဘယ်လောက်တောင် နာကျည်းကြေကွဲစရာကောင်းလဲ .. အဲ့ထက်ဆိုးတာက သူတို့တွေကို ကွပ်မျက်လိုက်တယ်ဆိုတဲ့ သတင်းတွေတက်လာတိုင်း ဘယ်နေ့ဘယ်ချိန်က ကွပ်မျက်လိုက်တယ်ဆိုတာ ရှာပေမဲ့ တိတိကျကျ ရေရောရာရာ ဘာမှမပါဘူး စစ်ကောင်စီကလည်း အတိအကျ ထုတ်ပြန်မထားဘူး ကွပ်မျက်လိုက်တာဟုတ်တယ်ဆိုတဲ့ အတည်ပြုချက်တစ်ခုပဲရတယ်။ အဲ့တော့ သူတို့ရဲ့နောက်ဆုံးခရီးကို ဗုဒ္ဓဘာ သာဓလေ့အရ ဘယ်လိုတွေဆက်လုပ်ရမလဲ၊ ရုပ်အလောင်း လည်းတွေခွင့်မရခဲ့သလို နေ့ရက်တောင်အတိအကျမရခဲ့ဘူး။ ဒီကြားထဲ သတင်းတွေမှာ နာမည်လေးပါလာလို့သာ သူတို့ပါလားလို့ သိရတာ အချို့သတင်းတွေမှာဆို ဓာတ်ပုံပါလာဖို့ နေနေသာသာ နာမည်တောင်မပါလာတာမျိုးတွေ တွေ့ရတော့ သူတို့ရဲ့နောက်ဆုံး ခရီးအတွက် လူသိနည်းစွာကျဆုံးခဲ့ရလို့ ပိုပြီးစိတ်မကောင်းဖြစ်မိတယ်။ ဒီကိစ္စမျိုးဟာ နှိုင်းယှဉ်စရာမဟုတ်ပေမဲ့ မရေရာတဲ့ သတင်းတွေကြားမှာ ဒီလိုချိန် Media တွေကိုသာ အားကိုးနေရတဲ့သူတွေက သတင်းဌာနတွေရဲ့အတည်ပြုချက်တွေရမှ ဒါဟာတကယ်ပါလားလို့ လက်ခံကြရတာပါ။ ဘာပဲဖြစ်ဖြစ် ကွပ်မျက် ခံရသူအားလုံးအတွက် စိတ်မကောင်းဖြစ်မိတာတော့အမှန်ပါပဲ ဒီလိုအဖြစ်ဆိုးမျိုး ဘယ်သူ့ကိုမှ မကြုံတွေ့စေချင်တော့ပါဘူး " လို့ ၎င်းကဆိုပါတယ်။

ယခုလို စစ်ကောင်စီရဲ့ ကွပ်မျက်ခြင်းကိုခံရတဲ့ (၄)ဦးထဲက ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ဟာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့က ဒလန်ဟုစွတ်စွဲကာ သတ်ခဲ့တယ်ဆိုတဲ့ တရားစွဲဆိုချက်နဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး (Martial Law) ဥပဒေဖြင့် စစ်ခုံရုံးကနေ "သေဒဏ်" အမိန့်ချမှတ်ခံခဲ့ရသူတွေလည်း ဖြစ်ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇူလိုင်လ ၂၆ ရက် ၊ ၂၀၂၂ 


#သေဒဏ်ချမှတ်ခံရ

#HTY_Information  

ယူကရိန်းစစ်ပွဲ အရှိန်မြင့်လာချိန် နေတိုးမဟာနိုင်ငံတွေအား ကျူးကျော်ရန်က...

HTY Information 6 months ago

လှိုင်သာယာမြို့နယ် အနောက်ပိုင်း သောင်ကြီးရဲစခန်းကို Area 21 မဟာမိတ်တပ်...

HTY Information 6 months ago

ဒေါ်လာဈေး ၁၇၀၀ ထိစံချိန်တင်မြင့်တက်လာသည့်အတွက် စီးပွားရေး လုပ်ငန်းများ...

HTY Information 1 year ago

NUG အစိုးရ၏ "နွေဦးထီ" အား ဝယ်ယူရောင်းချရာတွင်အသုံးပြုသည့်ငွေကြေးလွှဲပြ...

HTY Information 1 year ago

လှိုင်သာယာ၊ အနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ပြင်းထန်သော ဗ...

HTY Information 9 months ago