စစ်​ကောင်စီမှ အကျဆုံးများခဲ့သည့် ယမန်​နေ့ တိုက်ပွဲနေရာသို့ ထပ်မံ စစ်​ကြောင်းချီတက်လာသည့်အတွက် တိုက်ပွဲ ဆက်ဖြစ်နေ

ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်၊ မန်ခွမ်နှင့် မိန်ပိန်းကျေးရွာကြားတက်လာသည့် စစ်​ကောင်စီတပ်ဖွဲ့အား ယမန်​နေ့ သြဂုတ်၂၈ရက်က ကေအိုင်အေ နှင့် ကိုးကန့်တပ်မတော် MNDAA တို့ ပူး​ပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ တပ်ရင်းမှူး နှစ်ဦးအပါ တပ်ရင်းတစ်ခုလုံးနီးပါး ကျသွား​ပြီး လက်နက်များ သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ အကျအဆုံးများခဲ့သည့်တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်​ကောင်စီက ယ​နေ့မနက်တွင် စစ်​ကြောင်း ထပ်မံချီတက်လာသည့်အတွက် (KIA) (MMDA) ပူး​ပေါင်းတပ်ဖွဲ့တို့နှင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ နှစ်နာရီကြာ ဖြစ်ပွားခဲ့​ကြောင်း သိရသည်။

စစ်ကောင်စီတပ် ခမရ တပ်ရင်း (၁၂) စစ်ကြောင်း ထိုးတက်လာသည့်အတွက် တိုက်ခိုက်ခြင်းဖြစ်ပြီး ယနေ့ နံနက်၆နာရီ နှင့် ၈နာရီကြား တိုက်ပွဲထပ်မံဖြစ်ပွား ခဲ့ခြင်းလည်းဖြစ်ပါသည်။

သြဂုတ် ၂၈ရက်ည က စစ်ကောင်စီ တပ်ရင်းတခုလုံး အင်အား ၂၀၀နီးပါးကို KIA ၊ MNDAAပူး​ပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှအကျအဆုံးများခဲ့တာလည်းဖြစ်ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဩဂုတ်လ ၂၉ရက်၊ ၂၀၂၁


#ဓာတ်ပုံ_ပုံဟောင်း

#KIA #MNDAA

#ကိုးကား

#HTY_Information

Visa ကဒ်ငွေသွင်းခြင်းနှင့် ဒေါ်လာငွေလွှဲစနစ် ပုံမှန်အတိုင်း​ပြန်ဖြစ်နေ...

HTY Information 1 year ago

တရုတ်အစိုးရမှ ယောက်ျားမပီသသော အသွင်သဏ္ဍန်ရှိသည့် ယောက််ျားများကို TV တ...

HTY Information 1 year ago

ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း လုံခြုံရေးခြိမ်းခြောက်ခံရ၊ အမေရိကန်မှ သ...

HTY Information 1 year ago

စက်ရုံအလုပ်ရုံများတွင် ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းမှု နည်းပါးသဖ...

HTY Information 1 year ago

လှိုင်သာယာ၊ ရပ်ကွက်အချို့တွင် သန်းကောင်စာရင်းရှိသူများပါ ဓာတ်ပုံရိုက်၍...

HTY Information 9 months ago