HTY Information 4 months ago
Admin HTY

ပြည်သူများအားအနိုင်ကျင့်နေသည့် ရပ်ကျေးအဖွဲ့ဝင်တစ်ဦး ရင်ဘတ်တည့်တည့် ပစ်ခတ်ခံရပြီး သေရန် ရာခိုင်နှုန်းများနေ

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ သရက်လမ်းတွင်နေထိုင်သော ရာအိမ်မှုး ထွန်းကျော်ဆိုသူ ယနေ့ ဧပြီ ၃၀ ရက်၊ ညနေ (၄း၃၀) အချိန်တွင် သေနတ်ပစ်ခတ်ခံရသည်ဟု သိရသည်။

“အပစ်ခံရပြီးတော့ လှိုင်သာယာဆေးရုံကို ပို့တာ လက်မခံလို့ မင်္ဂလာဒုံပို့လိုက်တယ်လို့ ကြားတယ်။ ထိတာက ရင်ဘတ်တည့်တည့်ဆိုတော့ သေဖို့တော့ များပါတယ်” ဟု မြို့နေပြည်သူတစ်ဦးမှ သတင်းပေးပို့သည်။ 

“သူက စစ်တပ်က ထွက်ထားတာ၊ ပြည်သူတွေအပေါ် အနိုင်ကျင့်ပြီး ဆိုးနေတယ်လို့ သတင်းရလို့ စုံစမ်းကြည့်တော့ အမှန်တကယ်ဖြစ်နေလို့ ခုလိုရှင်းလင်းရတာပါ။ ၂ ချက်ပစ်တာ တစ်ချက်က ရင်ဘတ်ကို တည့်တည့်မှန်တယ်” ဟု From ‘Zero’ To ‘Hero’ မြို့ပြပျောက်ကျားအဖွဲ့မှ တာဝန်ရှိသူမှ HTY Information သို့ပြောသည်။

ယနေ့ ပစ်ခတ်မှုသည် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသော တော်လှန်ရေးညီအကိုများအတွက် လက်စားချေခြင်းဖြစ်သည်ဟုလည်း From Zero To Hero မှ ဖော်ပြထားပြီး ရပ်ကျေးအဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူများဘက်မှ ရပ်တည်ကြရန် တိုက်တွန်းပြောကြားထားသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

ဧပြီလ ၃၀ ရက်၊ HTY Information

 #ဓာတ်ပုံ - လှိုင်သာယာမြို့တနေရာတွင် စစ်ကောင်စီတပ်သားများနှင့်ပေါင်းကာ ပြည်သူ့ဆိုင်ကယ်များအား မတရားဖမ်းဆီးနေသော အရပ်ဝတ်နောက်လိုက်များ (အဟောင်းဖြစ်သည်)

#FromZeroToHero

#လှိုင်သာယာ

#HTY_Information

ပညာသင်ရွယ်ကျောင်းသားများပညာရေးလမ်းကြောင်းပေါ်လျှောက်လမ်းမှသာနိုင်ငံရဲ့...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အချို့မှစတင်၍ နေအိမ်ရှိ လူစာရင်းများ စတင...

HTY Information 1 year ago

လှိုင်သာယာမြို့နယ် အမှတ် (၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးထပ်ဆ...

HTY Information 8 months ago

ဒေါ်လာဈေးကျဆင်းရန်ဟုဆိုခါ ဗဟိုဘဏ်မှ တစ်ပတ်အတွင်း ဒေါ်လာ သန်း၄၀ ထုတ်ရော...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်တွင်း ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးအား အကြမ်းဖက်စစ်တပ်...

HTY Information 1 year ago