ပြင်ပသွင်းကုန်များပိတ်ပြီး ဘယ်သူမှမသုံးတဲ့ ပြည်တွင်းစစ်တပ်ထုတ်ကုန်များအစားထိုးရန် စစ်ခေါင်းဆောင်ပြင်ဆင်

အာဏာသိမ်းစစ်ခေါင်းဆောင်တွေအနဲ့ ပြည်သူလူထု၏ "စစ်တပ်ထုတ်ကုန်မသုံးဖူး စစ်အပေါင်းအပါကုန်ပစ္စည်းမှန်သမျှဆန့်ကျင်ကြ" ဟု သပိတ်မှောက်ခဲ့ပြီးတဲ့နောက် ကျဆင်းလာတဲ့ စစ်အပေါင်းအပါ ထုတ်ကုန်တွေများကြောင့် ပြည်ပသွင်းကုန်အချို့ကိုပိတ်လိုက်ပြီးစစ်ကောင်စီမှ ထုတ်လုပ်သော အရည်အသွေးအမှီ ဘယ်သူမှမသုံးတဲ့ကုန်ပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချရန်ပြင်ဆင်လာခဲ့တာဟု စီးပွားရေးလုပ်ငန်းရှင်အချို့မှ သုံးသပ်လာကြပါသည်။

စစ်ကောင်စီသည် အာဏာသိမ်းယူပြီး (၄လ) ကျော်ကြာမြင့်လာသည်အထိ နိုင်ငံအကျိုးစီးပွား ပြည်သူလူထုအကျိုးစီးပွားကိုအထောက်ပဲ မိမိရဲ့အကျိုးစီးပွားကိုသာအလေးထားလာကြတာကို ပြည်သူအများ သိရှိနားလည်ပြီးဖြစ်မှာပါ။

"လွန်ခဲ့သော နှစ်များဆီအလည်သွားကြည့်မယ်ဆိုရင်တောင် ပြည်သူ့အစိုးရမတတ်လာခင်အချိန်ထိ စစ်အုပ်ချုပ်မှုလက်အောက်တွင် ရရစားစားလူတန်းစားများနှင့် အချောင်လိုချင်သော စစ်တပ်ဆက်နွယ် စီးပွားလုပ်ငန်းများမှ လက်ဝါးကြီးအုပ်၍ ဆန်၊ဆီ၊စား ကိုတောင် တန်းစီတိုးထုတ် စားသုံးခဲ့ကြရပြီး လူတန်းစားကွာဟမှုဟာ သိသိသာသာခြားနားသွားခဲ့ကြတဲ့ ခေတ်စနစ်ဆီ ပြန်ပို့နေသလားတောင်ထင်မှတ်ရပါဟု" ပြည်သူအချို့ကလည်း ထင်မြင်ချက်တွေပေးလာကြပါတယ်။

ဒါဟာ မကြာခင်ရက်အနည်းငယ်အချိန်က စစ်ကောင်စီ၏ အကြမ်းဖက်ခေါင်းဆောင်ပြောကြားလာခဲ့သော အာဏာသိမ်း (၄လ)ကျော်ကာလအတွင်း တိုင်းပြည်ဟာ သိသိသာသာ တိုးတတ်လာခဲ့ပြီဆိုတဲ့ တိုးတတ်မှုများဖြစ်နေမလား စဉ်းစားစရာဖြစ်လာခဲ့ပါသည်။

ဇွန်လ (၁၅)ရက် ၊ ၂၀၂၁

မန္တလေး ပြည်ကြီးတံခွန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး နားထင်သေနတ်နဲ့ပစ်...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်ရှိ Myanmar Unique အထည်ချုပ် စက်ရုံအား ယာယီပိတ်သိမ်း...

HTY Information 1 year ago

အာဏာသိမ်းစစ်ကောင်စီရဲ့ ဗိုလ်ရှုခံပွဲကို လှိုင်သာယာမြို့၌ စစ်ကားအား ဗုံ...

HTY Information 7 months ago

နယ်မြေကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီကို KNLA တပ်မဟာ ၆ ကြားဖြတ်တိုက်...

HTY Information 1 year ago

လှိုင်သာယာမြို့ ပီမိုးနင်းလမ်းမကြီးပေါ်တွင် ကင်းပတ်ရန်စုရုံးနေချိန် ဗု...

HTY Information 6 months ago