ပစ္စည်းယူသည့်အပြင် ခရီးသည်အား အုပ်စုဖွဲ့ရိုက်နှက်ထိုးကျိတ်သည်အထိဖြစ်လာသော ရန်ကုန်မြို့ YBS ကားများပေါ်မှ ခါးပိုက်နှိုက်အဖွဲ့များ

အကြမ်းဖက်စစ်ကောင်စီမှ မတရားအာဏာသိမ်းယူပြီးနောက်ပိုင်း ဘက်ပေါင်းစုံမှ သိသိသာသာ ဆုတ်ယုတ်လာသော မြန်မာနိုင်ငံအခြေအနေတွင် စစ်သားများ၊ ရဲများမှ လက်နက်အပြည့်ဖြင့် နေရာအနှံ့သွားလာနေသည့်ကြားမှ လုယက်မှု၊ ခါးပိုက်နှိုက်မှု၊ အနုကြမ်းစီး၊ ဓားပြတိုက်မှု အစရှိသော ရာဇဝတ်မှုများသည်လည်း ရန်ကုန်မြို့အနှံ့အချိန်မရွေး၊ နေရာမရွေး ဖြစ်ပွါးလျက်ရှိသည်။

အဆိုပါဖြစ်ရပ်များတွင် ရန်ကုန်မြို့အနှံ့ပြေးဆွဲသော YBS ကားများပေါ်မှ အုပ်စုဖွဲ့ခါးပိုက်နှိုက်သူများသည်လည်း ပိုမိုရဲတင်းစွာ လှုပ်ရှားမှုတွေ ရှိလာသည််ဟု တွေ့ကြုံခဲ့ရသူတွေကဆိုပါတယ်။

“မနေ့က စီးတဲ့ YBS 53 ပေါ်မှာ ခါးပိုက်နှိုက်မှု ၂ ခုဖြစ်တယ်။ ပထမလူတစ်ယောက်က သူ့ဖုန်းအနှိုက်ခံလိုက်ရတယ်လို့ပြောတယ်။ နှိုက်တဲ့သူကိုလဲ ကားပေါ်ကခရီးသည်တွေ တော်တော်များများတွေ့တယ်။ အဲ့တာကို ကားစပါယ်ယာနဲ့ ခါးပိုက်နိုက်တဲ့သူက အနှိုက်ခံရတဲ့သူကို ဆဲဆိုဟိန်းဟောက်တော့ အဲ့လူလဲ ရပ်တဲ့မှတ်တိုင်မှာ ဆင်းကျန်ခဲ့ရှာတယ်” ဟု ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က လှိုင်သာယာမြို့နယ်အတွင်း YBS 53 ပေါ်တွင်် ကိုယ်တွေ့ကြုံခဲ့ရသောဖြစ်ရပ်ကို ခရီးသည်တစ်ဦးမှ ပြောကြားလာပါသည်။

ဒါပြင် “ရှေ့ကလူဆင်းသွားပြီးမကြာဘူး နောက်တစ်ယောက်ကို ထပ်နှိုက်တယ်။ နှိုက်တဲ့သူတွေက ၃ ယောက်အဖွဲ့ပါ။ နှိုက်တာကို သိလို့ ခရီးသည်က ဖုန်းကိုဘာလို့နှိုက်တာလဲမေးပြီးပြန်ယူတော့ ဝိုင်းထိုးကြတယ်။ ခြေထောက်တွေနဲ့လည်းကန်တယ်။ အဲ့ဒါကို ကားသမား ၃ ယောက်ကလည်း မကူညီပဲ ကားရပ်ပြီးပြေးဆင်းသွားတယ်။ ကားပေါ်ကခရီးသည်တွေလည်း သူတို့ဆင်းတော့ အကုန်ဆင်းပြေးကြတယ်။ ခါးပိုက်နှိုက်တွေက ခရီးသည်ကို ထိုးလို့ကျိတ်လို့ဝသွားမှ အေးဆေးပဲဆင်းသွားကြတယ်။ တကယ်ဆိုရင် ရှေ့နားမှာ စစ်တပ်စခန်းချတဲ့နေရာရောက်နေပြီ။ အဲ့ကိုလည်း မမောင်းသွားဘူး။ ခံရတဲ့ခရီးသည်က မျက်လုံးတောင်မဖွင့်နိုင်ရှာဘူး” ဟု ၎င်းမှ ဖြစ်စဉ်အသေးစိတ်ကို သတင်းပေးပို့သည်။

နိုင်ငံတဝန်းလုံးတွင် လက်နက်ကိုင်စစ်သား၊ ရဲများကိုယ်တိုင် အကြမ်းဖက်မှုများ ကျူးလွန်နေသော ယခုကဲ့သို့ကာလတွင် ဒုစရိုက်သမားများသည်လည်း ထိန်းကွပ်မည့်သူမရှိ ပိုမိုရဲတင်းလာကြသည့်အတွက် ပြည်သူများအနေဖြင့် သွားသတိ၊ လာသတိဖြင့် သွားလာနေထိုင်ကြပါရန်နှင့် ပြည်သူအချင်းချင်းကူညီရိုင်းပင်း၍ ကာကွယ်စောင့်ရှောက်ကြနိုင်ရန် သတိပေးဖော်ပြလိုက်ရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

ဇွန်လ ၂၀ ရက်၊ ၂၀၂၂ 

#ဓာတ်ပုံ_အဟောင်း

#YBS #ခါးပိုက်နှိုက်

#လှိုင်သာယာ #ရန်ကုန်

#HTY_Information

စစ်ကောင်စီမှအာဏာသိမ်းပြီးနောက် ဂျာမနီလက်ကားရောင်းဝယ်ရေးလုပ်ငန်းစုကြီး...

HTY Information 1 year ago

လှိူင်သာယာတွင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများမှ အားကျိုးမာန်တက် တစ်...

HTY Information 5 months ago

စစ်ကောင်စီအထိနာခဲ့သည့် ပင်လယ်ဘူးတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းသု...

HTY Information 1 year ago

ဗဟိုဘဏ်က အသစ်ရိုက်နှိပ်ထုတ်ဝေလိုက်သော ငွေစက္ကူအချို့ ဆေးသားပျက်ပြယ်မှု...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်တွင်း စစ်တပ်ထုတ်ကုန်များ ပံ့ပိုးရောင်းချနေသော မြန်မာ...

HTY Information 9 months ago