နိုင်ငံရေး စီးပွားရေးအကျပ်အတည်းတွေကြုံတွေနေရတဲ့ သီရိလင်္ကာနိုင်ငံကို လူသားချင်းစာနာလို့ မြန်မာက ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းမယ်လို့ဆို

စီးပွားရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အစိုးရက ဖြေရှင်းမပေးနိုင်တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက သမ္မတ အိမ်တော်ကို ဆန္ဒပြလူထုကစီးနင်းခဲ့ကြပြီး ဝန်ကြီးချုပ်နေအိမ်ကိုလည်း မီးရှို့ကာ သမ္မတနုတ်ထွက်ပေးဖို့ခဲ့ကြတဲ့ သီရိလင်္ကာနိုင်ငံကို မြန်မာက ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းမယ်လို့ သိရပါတယ်။

ယခုလိုလှူတန်းမှုဟာ မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် နိုင်ငံတော် ရန်ပုံငွေဖြင့် ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းနိုင်ရေး လှူဒါန်းမှုကြီးကြပ်ရေးအဖွဲ့က စီစဉ်ဆောင် ရွက်နေတယ်လို့ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းနောက် လက်ရှိမြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နေရပ်စွန့်ခွာနေရသူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နိုင်ငံတစ်ဝှမ်း သန်းနဲ့ချီနေခဲ့ကြပြီး အစားအစာနဲ့ ဆေးဝါးအခက်အခဲတွေ ကြုံတွေ့နေကြရတာလည်းဖြစ်ပါသည်။

ဇူလိုင် ၁၄ ရက် ၊ ၂၀၂၂


#မြန်မာဆန်လှူတန်း

#HTY_Information

ယုံကြည်ရာခြေတလှမ်း တော်လှန်ရေးအတွက် ငါးသန်းမှ အလှူငွေ ကန်ဒေါ်လာ “ခုနှစ...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်အရှေ့ပိုင်း မြို့မရဲစခန်းကို ဗုံးပစ်လောင်ချာဖြင့်ပစ်...

HTY Information 7 months ago

ပြည်သူ့အသက်ထက်အရေးကြီးတာမရှိဖူးဆိုတဲ့မူကိုကိုင်စွဲထားသည့်တပ်မတော်ဖြစ်၍...

HTY Information 11 months ago

ရန်ကုန် လှိုင်မြို့တွင် နှစ်လုံးရောင်း ဒလန်လုပ်နေသူဟုဆိုသော လင်မယား နှ...

HTY Information 1 year ago

ရည်မှန်းချက်တွေမပြည့်မချင်း နောက်ဆုတ်သွားဖို့မရှိတာကြောင့် ယူကရိုန်းကိ...

HTY Information 5 months ago