နိုင်ငံတကာအနေနဲ့ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဖြေရှင်းမှသာ ပြေလည်မယ်လို့ ပြောဆိုနေတာဟာ မျက်ကန်းယုံကြည်မှုဖြစ်နေတယ်ဟုဆို

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်မငြိမ်မှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းနဲ့သာ တွေ့ဆုံဖြေရှင်းရန် ပြောဆိုနေတာတွေဟာ မျက်ကန်းယုံကြည်မှု ဖြစ်နေကြတာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။

"ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုထဲနဲ့ ဖြေရှင်းလို့ ပြေလည်သွားတာမရှိဘူး။ အဲ့ဒီတော့နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ တွေ့ဆုံမှုအရ ဖြေရှင်းပေးဖို့ ဖြစ်နိုင်တယ်လို့ ယုံကြည်တယ်ဆိုရင် အဲ့ဒီယုံကြည်မှုဟာ ကျွန်တော်ပြောချင်တာကတော့ မျက်ကန်းယုံကြည်မှုလို့ပဲ ပြောချင်တယ်" ဟုပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ကစေလွှတ်မယ့် မြန်မာ့အရေး အထူးသံတမန် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof မြန်မာနိုင်ငံသို့ လာရောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်နေပေမယ့် လက်ရှိအချိန်အထိ ညှိနှိုင်းဆောင်ရွက်လို့ အဆင်မပြေသေးဘူးလို့ သံတမန် သတင်းအရင်းအမြစ်တွေက ပြောဆိုနေကြသလို ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲ့ဒီအကြောင်းအရာတွေကို ဝေဖန်ပြောကြားနေတာဟာ အမြင်ကျဉ်းမြောင်းတဲ့အလုပ်ဖြစ်တယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။

" ဒါတွေကို ကျွန်တော်ပြောနေတာဟာ အကြောင်းမဲ့ ပြောနေတာ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ သမိုင်းအစဉ်အဆက်ကိုကြည့်၊ မြန်မာနိုင်ငံရဲ့ ဖြေရှင်းလာရတဲ့ ကိစ္စတွေကိုကြည့် ဒါတွေကို အကန့်အသတ်နဲ့ လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာ အကန့်အသတ်နဲ့ လုပ်တယ်ဆိုတာက ကျဉ်းမြောင်းလွန်းပါတယ် " ဟုဆိုသည်။

"အာဆီယံ အစည်းအဝေးမှာ ကျွန်တော်တို့ သဘောတူညီချက် (၅) ရပ်ရှိခဲ့တယ်။ အဲ့ဒီ (၅) ရပ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပါပြီးသားဖြစ်တယ်"လို့ ပြောဆိုခဲ့ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


အောက်တိုဘာလ ၇ ရက်၊ ၂၀၂၁


#Ref_C8

#HTY_Information

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ၏ ASEAN ခရီးစဉ်တွင် မြန်မာ...

HTY Information 7 months ago

လူသားချင်းစာနာထောက်ထားမှုဖြင့် အာဆီယံမှလှူတန်းမည့် အလှူငွေနှင့် ပစ္စည်...

HTY Information 9 months ago

လှိုင်သာယာမြို့နယ်က စစ်တပ်သတင်းပေးလူမိုက် ပျူစောထီးအဖွဲ့ကို မြို့ပြပြေ...

HTY Information 3 months ago

မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကိုကျားပေါက်၏ Doodle Art Ukulele အမေရိကန်...

HTY Information 7 months ago

သတင်းအမှောင်ကျနေသော ထန်းတပင်မြို့နယ်ရှိ ကျေးရွာအချို့မှ ရွာခံ (၉) ဦးအာ...

HTY Information 5 months ago