မြန်မာ့ရွှေဈေးကွက် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆက်လက်မြင့်တတ်

ယနေ့ မေလ ၁၀ ရက် မြန်မာရွှေဈေးသည် ၁၆သိန်း ၁ သောင်းထိ ရောက်ရှိနေပြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်ကောင်စီကအာဏာလုယူချိန်မှစ၍ တစ်ဖြည်းဖြည်း အရှိန်အဟုန်ကောင်းစွာမြင့်တတ်လာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာလုယူခဲ့တာ ယနေ့နဲ့ဆို ရက်ပေါင်း (၁၀၀) ပြည့်တော့မည်ဖြစ်ပြီး နိုင်ငံရေး ၊ စီးပွားရေး ၊ ကျန်းမာရေး အစရှိသည်များ အဖက်ဖက်က ကျဆင်းနေခဲ့သည်။ယခုဆို ဗဟိုဘဏ်အပါအဝင် ဘဏ်အများစုမှာ ငွေကြေးပျက်တောက်မှုများဖြစ်ပေါ်နေပြီး အာဏာသိမ်းကောင်စီ၏ အဓိပ္ပယ်မဲ့စွာ ဥပဒေ အမျိုးမျိုး ထုတ်ပြန်နေခြင်းတို့ကြောင့် ပြည်သူအများ ဘဏ်လုပ်ငန်းများအပေါ် ယုံကြည်မှုကင်းမဲ့လာပြီး ငွေသွင်းယူမှုထက် ငွေထုတ်ယူမှုများသာ တစ်နေ့ထက်တစ်နေ့များလာခဲ့သည်။ပြည်သူအများသည် ၎င်းတို့၏ ငွေကြေးများကို ဘဏ်များမှနေစဉ် အခက်အခဲအမျိုးမျိုးဖြင့်ထုတ်ယူနေကြပြီး တစ်ဖက်တွင် ယုံကြည်စိတ်ချမှုရှိစေရန် ရွှေများဝယ်ယူ ထိန်းသိမ်းထားသူများလည်းရှိနေခဲ့သည်။ မြန်မာနိုင်ငံသည် စစ်ကောင်စီမှ အာဏာလုယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ငွေကြေးရှားပါခြင်း ၊ အလုပ်အကိုင်ရှားပါးခြင်း ၊ စီးပွားရေးကျဆင်းခြင်း ၊ ကုန်ဈေးနှုန်းမြင့်တတ်ခြင်းများအပြင် ကောင်းကွက်ဆို၍ပြောစရာမရှိလောက်အောင် ပျောက်ဆုံးသွားခဲ့ရပါသည်။ HTY Information

ငြိမ်းချမ်းစွာဆန္ဒပြသူများကို ကားဖြင့်တိုက်သတ်ခြင်းဟာ လူသားစားလူရိုင်း...

HTY Information 9 months ago

ရန်ကုန်မြို့မှာရှိတဲ့ ရွှေဆိုင်တွေကို တစ်နေ့ရောင်းရတဲ့ ရွှေပမာဏစာရင်းတ...

HTY Information 6 months ago

လှိုင်သာယာမြို့နယ် အမှတ် (၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးထပ်ဆ...

HTY Information 8 months ago

လှိုင်သာယာမြို့နယ်အတွင်း အုပ်စုဖွဲ့ရမ်းကား လုယက်သူများကို ပစ်ခတ်ဖမ်းဆီ...

HTY Information 3 months ago

ထန်းတပင် (တာဆုံ)စစ်ဆေးရေးဂိတ် ဝင်ရောက်စီးနင်းပစ်ခတ်ခံရ၍ ရဲ (၃) ဦးသေဆုံ...

HTY Information 10 months ago