မြန်မာနိုင်ငံတွင် Covid အသွင်ပြောင်းပိုး ၃မျိုးတွေ့ရှိ

ယူကေနှင့် အိန္ဒိယတို့တွင် တွေ့ရသည့် ကိုဗစ်အသွင်ပြောင်းပိုး ၃မျိုးကို မြန်မာနိုင်ငံတွင်တွေ့ရကြောင်း စစ်ကောင်စီ၏ မီဒီယာ MRTV က ဇွန်လ ၁၅ရက် ညပိုင်းတွင်ကြေညာသည်။

မျိုးကွဲများမှာ Alpha, Delta နှင့် Kappa အမျိုးအစားတို့ဖြစ်ကြောင်း ကြေညာထားပြီး အဆိုပါပိုး ၃မျိုးကူးစက်ခံထားရသူ ၁၁ဦးရှိကြောင်း MRTV ကကြေညာသည်။

ရောဂါပိုးတွေ့ရှိသူများမှာ ကလေးတွင် ၁ဦး၊ မြိတ်တွင် ၃ဦး၊ မန္တလေးတွင် ၄ဦး၊ တမူးတွင် ၂ဦးနှင့် ရန်ကုန်တွင် ပြည်ပပြန် ၁ ဦးတို့ဖြစ်ကြောင်း ကြေညာထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း အမျိုးသားရေးအုပ်စုများ ဖွင့်လှစ်ထားသည့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မဟော်သဓာကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျောင်းသား ၂၀၀ကျော် ကိုဗစ် အစုလိုက်အပြုံလိုက် ကူးစက်ခံထားရကြောင်း သိရသည်။

Alpha မျိုးကွဲ အသစ်သည် မူလ ရောဂါပိုး၏ ၅၀% ကူးဆက်နှုန်းပိုမြန်ပြီး ယူကေတွင် ပထမဆုံး တွေ့ရှိခဲ့သော အမျိုးအစားဖြစ်သည်။ Delta မျိုးကွဲ (Sars-Cov-2 Delta Variant) သည် Alpha ထက် ၄၀% ကူးစက်နှုန်း ပိုမိုမြန်ဆန်ပြီး၊ လက်ရှိတွက် အန္တရာယ်အများဆုံး ကိုဗစ်မျိုးကွဲ အဖြစ် မှတ်တမ်းတင်ခံထားရသည်။ Delta ကို အိန္ဒိယနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဇွန်လ (၁၅)ရက် ၊ ၂၀၂၁

လှိုင်သာယာ၊ အတွင်းပဒံကျေးရွာရှိ ကျူးကျော်များအား ၅ သိန်းပေးပြီး တစ်ပတ်...

HTY Information 1 year ago

မုန်တိုင်းကြောင့် ပေါက်သွားသော တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဆည်တစ်ခု အချိ...

HTY Information 1 year ago

စက်သုံးဆီဈေးမြင့်တက်မှုတွေနဲ့ လျှပ်စစ်မီးဆိုးရွာစွာပြတ်တောက်မှုတွေကြော...

HTY Information 6 months ago

လှိုင်သာယာမြို့အဝင် အောင်ဇေယျ(ကြိုးတံတားအဆင်း လောင်စာဆီတင်ယာဉ်ကားတစ်စီ...

HTY Information 1 year ago

လှိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး Mytel တာ...

HTY Information 6 months ago