မြန်မာကိုယ်စားပြုတက်ရောက်ခွင့်မရတဲ့အာဆီယံဝန်ကြီး များအစည်းအဝေးဆုံးဖြတ်ချက်ကို မြန်မာပြည်မှနေ၍ လှမ်းကန့်ကွက်

စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခွင့်မရတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်သော အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးပွဲရဲ့ ဆုံးဖြတ် ကြေညာ ချက်ကိုကန့်ကွက်တယ်လို့ စစ်ကောင်စီရဲ့နိုင်ငံခြားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မှာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ (၅၅) ကြိမ်မြောက် ဝန်ကြီးများအစည်းအဝေးပွဲရဲ့မြန်မာ့အရေးကိစ္စနဲ့ပတ် သက်သည့် စာပိုဒ်အပေါ် လက်ခံနိုင်စရာအကြောင်းမရှိဖူးလို့ ဆိုပါတယ်။

အစည်းအဝေးတွင် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ချက်ကို အကောင်အထည်ဖော်ရာမှာတိုးတက်မှုမရှိကြောင်းနှင့် စစ်ကောင်စီကို အာဆီယံရဲ့မည်သည့် အစည်းအဝေးမှတက်ရောက်ခွင့်မပြုကြောင်း အာဆီယံရဲ့အစည်းအဝေးပွဲက ပူးတွဲကြေညာချက်ကို ကန့်ကွက်တယ်ဟုဆိုပြီး စစ်ကောင်စီရဲ့ နိုင်ငံအပေါ်အမှန်တကယ် ကြိုးပမ်းနေမှုကို မျက်ကွယ်ပြုရာရောက်တယ်လို့လည်း စစ်ကောင်စီဘက်ကဆိုထားပါတယ်။

ဒါပြင်လက်ရှိမြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ EAO တွေနဲ့ဆွေးနွေးပြုလုပ်နေတာကြောင့် NUG / PDF တွေကို ဆက်ဆံ အားပေးကူညီတာတွေမလုပ်ဖို့ စစ်ကောင်စီကကြေညာထားပါသည်။

ဩဂုတ်လ ၆ ရက် ၊ ၂၀၂၂


#စစ်ကောင်စီ

#ကန့်ကွက်ရေးဌာန

#HTY_Information

လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီမှဖွင့်လှစ်ခဲ့သော အခြေခံကျောင်းများတွ...

HTY Information 1 year ago

လှိုင်သာယာ၊ သမကုန်းမှတ်တိုင်တွင် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးကို Taxi တ...

HTY Information 5 months ago

လှိုင်သာယာတွင် သုံးဘီးကယ်ရီသမားအားငှါးစီး၍ ဓားထောက်လုယက်ရာ၊ ပြည်သူများ...

HTY Information 9 months ago

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ ဟန်မောက်အထည်ချူပ်စက်ရုံပိတ်...

HTY Information 1 year ago

အမေရိကန်လက်နက်တင်ပို့မှုပိတ်ပင်လိုက်တာကြောင့် USA ထုတ်လက်နက်မှန်သမျှ ဖ...

HTY Information 9 months ago