မြန်မာ့အရေးမဖြေရှင်းနိုင်သော်လည်း သီရိလင်္ကာနိုင်ငံ ၏အကျပ်အတည်းကို အကူအညီပေးရေးဆွေးနွေး

အာဏာသိမ်း စစ်အစိုးရက အာဏာသိမ်းပြီးနောက် အဖက်ဖက်ကကျဆင်းနေသော မြန်မာ့အရေးမဖြေရှင်းနိုင်သော်လည်း စီးပွားကျဆင်းကာ အခက်အခဲတွေကြုံတွေနေရတဲ့ သီရိလင်္ကာနိုင်ငံ၏အကျပ်အတည်းကို အကူအညီပေးရေးဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်တွင် ယမန်နေ့က သီရိလင်္ကာနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကို စစ်ခေါင်းဆောင်ထံပေးအပ်ခဲ့ပြီးသီရိလင်္ကာနိုင်ငံသို့ မြန်မာနိုင်ငံမှ အကူ အညီပေးရေး ဆွေးနွေးခဲ့ကြကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားပါတယ်။

အဆိုပါဆွေးနွေးမှုတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ ခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေးများတွင် ပူးပေါင်းဆောင်ရွက် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်။

သီရိလင်္ကာနိုင်ငံဟာအဆိုးရွားဆုံးစီးပွားရေးအကျပ်အ တည်းကို ကြုံတွေ့နေရပြီး နိုင်ငံခြားကြွေးမြီပြန်ဆပ်ခြင်းများကိုလည်း ရပ်တန့်ထားရတယ်လို့သိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇွန်လ ၈ ရက် ၊ ၂၀၂၂


#စစ်ကောင်စီ

#သီရိလင်္ကာနိုင်ငံ

#HTY_Information

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် စင်္ကာပူလူမျိုး လူမှုဗေဒ...

HTY Information 11 months ago

စစ်အုပ်ချုပ်ရေးကြေညာချက်ထုတ်ပြန်ထားသော လှိုင်သာယာတွင်နေ့စဉ် ခိုးမှု၊ လ...

HTY Information 1 year ago

လူသားချင်းစာနာထောက်ထားမှုဖြင့် အာဆီယံမှလှူတန်းမည့် အလှူငွေနှင့် ပစ္စည်...

HTY Information 1 year ago

ချင်းပြည်နယ်၊ထန်တလန်မြို့ရှိ နေအိမ်များမီးရှို့မှုသည် ၎င်းတို့ကြောင့်မ...

HTY Information 10 months ago

လှိုင်သာယာမြို့နယ် ယနေ့မွန်းလွဲပိုင်း ဗုံး “၇” လုံးပေါက်ကွဲ စစ်ကောင်စီ...

HTY Information 1 year ago