မြန်မာ့အရေး ကုလသမဂ္ဂအထွေထွေညီလာခံ ထောက်ခံမဲ ၁၁၉ မဲဖြင့် အနိုင်ရ အတည်ပြု

ဇွန်လ (၁၈) ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာ့အရေး ကုလသမဂ္ဂအထွေထွေညီလာခံတွင် ⁃ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ ရောင်းချမှု ရပ်တန့်ရန် ⁃ မြန်မာစစ်တပ် အနေဖြင့် ၂၀၂၀၊ နိုဝင်ဘာ ရွေးကောက်ပွဲ ရလာဒ်ကို လေးစားရန် ⁃ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် စသည့်အချက်များကို ဆွေးနွေး၍ မဲခွဲ၍ ဆုံးဖြတ်ချက်ချခဲ့ကြသည်။

ဆွေးနွေးပွဲတွင် အာဏာသိမ်းစစ်ကောင်စီအနေနှင့် 

 ⁃ ငြိမ်းချမ်းစွာဆန္ဒပြုသူများကို အကြမ်းဖက်နှိမ်နှင်းခြင်းများကို ရပ်တန့်ရန်

 ⁃ အင်တာနက််နှင့် ဆိုရှယ်မီဒီယာ အသုံးပြုမှုများကန့်သတ်ခြင်းကို ရပ်တန့်ရန်

 ⁃ ASEAN နှင့်သဘောတူထားသော အချက် (၅) ချက်ကို လိုက်နာဆောင်ရွက်ရန်

တို့ကိုလည်း တောင်းဆိုခဲ့ကြပါသည်။

အထက်ပါ ဆွေးနွေးတောင်းဆိုမှုများကို နိုင်ငံပေါင်း (၁၁၉) နိုင်ငံမှာထောက်ခံ၍၊ ဘယ်လာရုဇ်တစ်နိုင်ငံသာ ကန့်ကွက်ခဲ့သည်။ ကျန် (၃၆) နိုင်ငံမှာ ကြားနေအဖြစ်ရပ်တည်၍ မဲမပေးခဲ့ပါ။ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံများလည်း ကြားနေအဖြစ် ရပ်တည်ခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံတွင်၊ ထိုင်း၊ ဘရုနိုင်း၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ကြားနေနိုင်ငံများအဖြစ်ရပ်တည်ခဲ့ပြီး၊ ကျန်နိုင်ငံများ မှထောက်ခံမဲပေးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားပြုတက်ရောက်ခဲ့သော မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းမှလည်း ကုလသမ္မဂ၏ ယခုဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်ကောင်စီကို ဖိအားပေးနိုင်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။ ထပ်မံ၍ ဦးကျော်မိုးထွန်းမှ ကုလသမဂ္ဂအနေနှင့် ယခုကဲ့သို့ အရေးပါသော ဆုံးဖြတ်ချက်ကို အချိန် (၃) လကြာမှသာ ချမှတ်နိုင်သည့် အတွက် စိတ်ပျက်မိကြောင်းနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေနှင့် မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင် (EAO) အဖွဲ့များနှင့် မြန်မာပြည်အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့စုံဆွေးနွေးရန်လိုကြောင်းလည်း တင်ပြပြောဆိုခဲ့ပါသည်။ ကုလသမ္မဂအဖွဲ့ဝင်နိုင်ငံများ အနေနှင့် အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသောဆွေးနွေးညှိနှိုင်းမှုများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မလုပ်ကြပါရန်လည်း ဦးကျော်မိုးထွန်းမှ ထောက်ပြတောင်းဆိုခဲ့ပါသည်။

HTY_Information

ဇွန်လ (၁၉)ရက် ၊ ၂၀၂၁

စစ်တပ်၏အကြမ်းဖက်မှုများကြောင့် တိုင်းနှင့်ပြည်နယ် ၇ ခုတွင်၊ ပြည််သူ့နေ...

HTY Information 10 months ago

လှိုင်သာယာမြို့နယ်အပါအဝင် နေရာဒေသအများစုတွင် EPC ဝန်ထမ်းများဦးဆောင်၍ အ...

HTY Information 11 months ago

R2P အစည်းအဝေးတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းအား အစည်းအဝေးခေါ်ယူမှုအပေါ...

HTY Information 1 year ago

NUG၊ CRPH၊ PDF များအား နေအိမ်တိုက်ခန်းများငှားရမ်းနေထိုင်ခွင့်ပြုသည်ကိ...

HTY Information 1 year ago

အာဖရိကအနောက်ပိုင်းရှိ ဂီနီနိုင်ငံတွင် သမ္မတကိုဖမ်းဆီးပြီး စစ်တပ်မှအာဏာ...

HTY Information 1 year ago