HTY Information 2 months ago

မနက်ဖြန်ကျင်းပမည့် ASEAN Summit ကို အမေရိကန် သမ္မတဂျိူးဘိုက်ဒန်ကိုယ်တိုင်တက်ရောက်မည်

အာဆီယံအထွေထွေညီလာခံကို မနက်ဖြန် အောက်တိုဘာ ၂၆ မှာ ကျင်းပမည်ဖြစ်ပြီး ၎င်း ASEAN Summit သို့ အမေရိကန် သမ္မတဂျိူးဘိုက်ဒန်ကိုယ်တိုင်တက်ရောက်မည်ဟု ဘရူနိုင်းနိုင်ငံရှိ အမေရိကန်သံရုံးမှ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံများ၏ ဖိတ်ကြားချက်တွင် အာဏာသိမ်းစစ်အုပ်စုအားချန်လှပ်ထားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေး ချမ်းအား ဖိတ်ကြားမှုအပေါ် လက်မခံနိုင်ဘဲ အနည်းဆုံး စစ်ကောင်စီ၏ပြည်ထောင်စု ဝန်ကြီးအဆင့် တစ်ဦးဦးတက်ရောက်ခိုင်းမှသာ လက်ခံနိုင်မည်ဟု စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေငြာထားပါသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စစ်ကောင်စီခေါင်းဆောင်အကြား ဘုံသ ဘောတူညီချက် ၅ ခုထားရှိခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ အဆိုပါ ဘုံသဘောတူညီချက် များအား လိုက်နာမှုမရှိသဖြင့် ယခုကျင်းပမည့် အာဆီယံနိုင်ငံများ ထိပ်သီးအစည်းအဝေးပွဲသို့ စစ်အာဏာသိမ်းခေါင်းဆောင်အား တက်ရောက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည့်အပြင် ယခုအခါ အမေရိကန်သမ္မတ ဂျိူးဘိုက်ဒန် ကိုယ်တိုင်တက်ရောက်သွားမည်ဟုသိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၁


#AseanSummit

#US

#HTY_Information

လှိုင်သာယာမြို့နယ်က အဆင့်မြင့်ရပ်ကွက် ပီမိုးနင်းလမ်းပေါ်က ဖြို့ဖျက်ခံခ...

HTY Information 1 month ago

အမေရိကန်အပါအဝင် ၄နိုင်ငံပူပေါင်းထားသော Quad အဖွဲ့ရဲ့ Malabar 21စစ်ဆင်ရ...

HTY Information 3 months ago

မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက မြန်မာဘီယာထုတ်လုပ်ခြင်းကို ဖျက်သိမ်းရ...

HTY Information 1 month ago

လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသော ပြည်သူ (၄)ဦးအား စစ်ကောင်စီ...

HTY Information 4 months ago

NUG၊ CRPH၊ PDF များအား နေအိမ်တိုက်ခန်းများငှားရမ်းနေထိုင်ခွင့်ပြုသည်ကိ...

HTY Information 4 months ago