မဲများသူအနိုင်ရတဲ့စနစ်ဟာ မျှတမှုမရှိခြင်းကြောင့် PR စနစ်သို့ပြောင်းလဲရန်ကြိုးပမ်းနေတာဖြစ်တယ်ဟု UEC ဥက္ကဋ္ဌဆို

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဦးဆောင်ပြုလုပ်သော PR စနစ်ပြောင်းလဲရေးဆွေးပွဲကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ယမန်နေ့ နိုဝင်ဘာလ (၅)ရပ်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ့ထောက်ခံမှုမရသော နိုင်ငံရေးပါတီ (၅၃)ပါတီမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေပွဲတွင် မြန်မာနိုင်ငံအတွင်း ပြည်သူများသာမက နိုင်ငံအများစုမှာကျင့်သုံးလျှက်ရှိသော မဲများသူအနိုင်ရတဲ့စနစ်ဟာ မျှတမှုမရှိ၍ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကိုပြောင်းလဲကြိုးပမ်းနေတာဖြစ်တယ်လို့ စစ်ကောင်စီမှခန့်အပ်ထားသော UEC ဥက္ကဋ္ဌမှပြောကြားခဲ့ပြီး ယခုလိုပြောင်းလဲရခြင်းဟာ ယခင်ပြုလုပ်လျှက်ရှိတဲ့ မဲများသူအနိုင်ရတဲ့စနစ်ဟာ လူတိုင်းလူတိုင်းကိုယ်စားပြုခွင့်မရတဲ့အတွက် ယခု (PR) စနစ်ဟာ ရရှိလာသော ထောက်ခံမဲပေါ်မူတည်၍ မည်သည့်အဖွဲ့အစည်းမဆို ကိုယ်စားပြုခွင့်ရနိုင်မှာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

သို့သော 1990ခုနှစ်မှစ၍ ယခုနောက်ဆုံးကျင်းပခဲ့သော 2020ခုနှစ်ရွေးကောက်ပွဲအထိ ပြည်သူအများရင်းနှီးနားလည်သဘောပေါက်ပြီးဖြစ်သလို နိုင်ငံအများစုမှာကျင့်သုံးနေသော မဲများသူအနိုင်ရတဲ့စနစ်ကို ပယ်ဖျက်ပြီး လူပိန်းတောင်းနာမလည်တဲ့ (PR) စနစ်ကိုပြောင်းလဲရန်ကြိုးပမ်းနေမှုအပေါ် ယခုအစည်းအဝေးပွဲသို့မတက်ရောက်ခဲ့တဲ့ ပါတီအချို့နဲ့ ပြည်သူအများစုက မေးခွန်းထုတ်ဝေဖန်မှုများလည်းဖြစ်ပေါ်လျက်ရှိပါသည်။ 

ဒါပြင် အဆိုပါအစည်းအဝေးပွဲသို့ ပြည်သူရွေးကောက်တင်မြှောက်ခြင်းမခံရသော မဲရှုံးပါတီ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ NDF ပါတီ၊ NNDP ပါတီ အပါအဝင် ပါတီပေါင်း (၅၃)ပါတီနှင့် စိတ်ပါဝင်စားသူ အရပ်ဘက် ကိုယ်စားလှယ် (၂၀)ဦး တက်ရောက်ခဲ့တယ်လို့ MOI ၏ ထုတ်ပြန်ထားပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၁


#Election

#PR

#HTY_Information

နိုင်ငံဝင်ခွင့်အသည်းအသန်တောင်းနေရတဲ့ အာဆီယံက လူသားချင်းစာနာမှုအကူအညီပေ...

HTY Information 4 months ago

ပုလဲပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာမ...

HTY Information 3 months ago

လှိုင်သာယာမြို့နယ်တွင်း အမေရိကန်သံရုံးနှင့် Myanmar Kitchen တို့ပူပေါင...

HTY Information 5 months ago

လွတ်လပ်ပြီးအမှီအခိုကင်းသည့် သတင်းသမားများကိုကူညီပါ

HTY Information 5 months ago

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်ကို တရုတ်အားပေးထောက်ခံကြ...

HTY Information 5 days ago