HTY Information 3 months ago

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ် (၂)ဦးဖမ်းဆီးခံလိုက်ရ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ဒီကနေ့ မွန်လွှဲ (၂:၀၀) ဝန်းကျင်အချိန်ခန့်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အခြားရပ်ကွက်မှာ လူငယ် (၂)ဦးလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံများထံမှ သိရပါတယ်။

"ပစ်တာက ဆင်ဖြူရှင်ကွက်သစ်က လူကြီးကို စစ်ကိုင်းလမ်းမကြီးပေါ်မှာပစ်တာလို့ ကြားတယ် အုပ်ကြီးတော့ မထိသွားဖူးလို့လည်းပြောတယ် ဒါပေမဲ့ သိပ်မကြာဖူး (၁၀) ရပ်ကွက် စစ်ကိုင်းလမ်းနဲ့ စလင်းလမ်းကြားမှာရှိတဲ့ ဓမ္မာရုံနားကို စစ်ကားတွေရောက်လာပြီး အင်္ကျီအမဲဆင်တူနဲ့ ဆိုင်ကယ်စီးလာတဲ့ လူငယ် (၂)ဦးကို ရိုက်နှက်ဖမ်းဆီးသွားတာတွေ့လိုက်တယ် ရိုက်တာမှအသေကိုရိုက်တာ သေနတ်တွေနဲ့ကို ထုတာ အားရပါးရပဲ ပြီးတော့ စစ်ကားပေါ်ဆွဲတင်သွားတယ်လို့" ဖြတ်သန်းသွားလာရင်းမျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှတ် (၉)ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ဖမ်းဆီးခံရသူတွေဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ လက်ရှိချိန်ထိအတည်မပြုနိုင်သေးပါဘူး။ ဒါပြင် ၎င်းပစ်ခတ်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း ထုတ်ပြန်ထားတာမျိုးလည်း မတွေ့ရှိရသေးပါဘူး။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇွန်လ ၂၂ ရက် ၊ ၂၀၂၂


#လှိုင်သာယာ

#ပစ်ခတ်မှုဖြစ်ပွား

#HTY_Information

ဘားအံ တကောင်ဘိုးတိုက်ပွဲ KNU တပ်မဟာ(၁)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖ...

HTY Information 1 year ago

နှစ်ပေါင်းဆယ်နဲ့ချီနေထိုင်လာသော လူနေအိမ် ၁၅ လုံးကို ဖယ်ရှားခိုင်းပြီး...

HTY Information 4 months ago

၂၀၂၂ မဆုံးမီ မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှု (၂) ဆ မြင့်တက်လာမည်ဟု ကမ္...

HTY Information 1 year ago

နိုင်ငံရေး စီးပွားရေးအကျပ်အတည်းတွေကြုံတွေနေရတဲ့ သီရိလင်္ကာနိုင်ငံကို လ...

HTY Information 2 months ago

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တိုက်တစ်လုံးအတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထ...

HTY Information 3 months ago