လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီမှဖွင့်လှစ်ခဲ့သော အခြေခံကျောင်းများတွင် ကျောင်းအပ်နှံမှု (1%)ရာခိုင်နှုန်းသာရှိနေ

လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီမှဖွင့်လှစ်သော အခြေခံကျောင်းများ ကျောင်းအပ်နှံမှု (၁%) သာရှိနေ မေလ ၂၅ရက် / ၂၀၂၁ ခုနှစ် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း (၆၅) ကျောင်း (ခန့်မှန်း) ရှိပြီး၊ (၂၀၂၀ ခုနှစ်အထိ) ကျောင်းသား/ကျောင်းသူ (၁) သိန်း ဝန်းကျင်ခန့် တက်ရောက် ပညာသင်ကြားလျက် ရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့ပြီးနောက်၊ မေလ ၂၄ ရက်နေ့တွင် အခြေခံပညာ စာသင်ကျောင်းများအား ပြန်လည် ဖွင့်လှစ်ခဲ့ကြသည်။ ထိုသို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းအား ပြည်သူလူထုမှ ဆန့်ကျင်ဆန္ဒထုတ်ဖော် ခဲ့ကြပြီး ကျောင်းအပ်နှံမှု အရေအတွက် လွန်စွာနည်းပါးခဲ့ပါသည်။ HTY Information ၏ စုံစမ်းမှုအရ မေလ ၂၄ ရက် နှင့် ၂၅ ရက် (၂) ရက်ပေါင်း ကျောင်းသား/ကျောင်းသူ (၁%) သာ ကျောင်းအပ်နှံခဲ့ကြကြောင်း သိရှိရပြီး၊ ကိန်းဂဏန်းအရ ကျောင်းသား စုစုပေါင်း ၁၀၀,၀၀၀ တွင် ၁,၀၀၀ ခန့်သာ အပ်နှံခဲ့ကြခြင်းဖြစ်သည်။ HTY Information

YBS ယာဉ်စီခတိုးမြှင့်ကောက်ခံဖို့ ညွှန်းကြားထားခြင်းမရှိသေးဘူးလို့ YRTC...

HTY Information 7 months ago

လှိုင်သာယာမြို့နယ် (၅)ထိပ် မြို့မရဲစခန်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ...

HTY Information 1 year ago

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လက်ရှိအခြေအနေအား အဆိုးရွားဆုံးမရောက်ခင်...

HTY Information 1 year ago

ပညာသင်ရွယ်ကျောင်းသားများပညာရေးလမ်းကြောင်းပေါ်လျှောက်လမ်းမှသာနိုင်ငံရဲ့...

HTY Information 1 year ago

ရန်ကုန် တိုက်ကြီးမြို့တွင် စစ်ကောင်စီသတင်းပေး ဒလန်အကြီးစားဟုဆိုသူ သိန်...

HTY Information 1 year ago