လှိုင်သာယာမြို့နယ်တွင် ဧည့်စာရင်းနေပြည်သူများ ဧည့်စာရင်းစာရွက်ကြေးတစ်ခါတိုင် တစ်သောင်းနှုန်းကောက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်းပန်းအပိုင်အတွင်းရှိ တော်ဝင်နှင်းဆီတန်ဖိုးနည်းအိမ်ယာအပါအဝင် ရပ်ကွက်အချို့တွင် ဧည့်စာရင်းစာရွက်ကြေး တစ်ခါတိုင် ကျပ်တစ်သောင်းနှုန်းကောက်ခံနေကြောင်းသိရသည်။

" ဧည့်စာရင်းစာရွက်ကြေး တစ်သောင်းတောင်းတယ်၊ တစ်သောင်းမပေးရင် ဧည့်စာရင်းတိုင်ခွင့်မပေးဖူး လာစစ်လို့ဖမ်းရင်ခံရမယ်လို့လည်းပြောတယ်" ဟု ရပ်ကွက်နေပြည်သူတစ်ဦးကဆိုသည်။

အဆိုပါဝန်းနှင့် ရပ်ကွက်အချို့တွင် ဧည့်စာရင်းသက်တမ်း (၁၅)ရက် သက်မှတ်ပေးထားပြီး (၁၅)ရက်ပြည့်ရင် နောက်တစ်ခေါက်ဝယ်ရကြောင်းသိရသည်။ ရပ်ကွက်အချို့မှာတော့ ရပ်ကွက်ရုံးများတွင်သာ ဧည့်စာရင်းတိုင်ကြားရပြီး တော်ဝင်နှင်းဆီတန်ဖိုးနည်းအိမ်ယာဝန်းမှာတော့ အိမ်ယာကော်မတီရုံးမှာတိုင်ကြားရတယ်လို့လည်း သိရှိရပါတယ်။

လှိုင်သာယာမြို့နယ်တွင် မတ်လ ၁၄ ရက်နေ့မှစပြီး စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ်ကြေညာချက်ထုတ်ပြန်ခဲ့ကာ အထူးကြပ်မတ်စစ်ဆေးရမည့်မြို့နယ်အဖြစ် ထပ်မံကြေညာခဲ့ပြီး ဧည့်စာရင်းမတိုင်မနေရ မြို့တော်အဖြစ်ကြေညာချက်ထုတ်ပြန်၍ ညစဉ် တင်းကြပ်စွာ ဧည့်စာရင်းစစ်ဆေးမှုများရှိနေပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

အောက်တိုဘာ ၁ ရက်၊ ၂၀၂၁

#ဓာတ်ပုံ_၁၀၀၀၀တောင်းသောကော်မတီရုံး

#HTY_Information

နိုင်ငံဝင်ခွင့်အသည်းအသန်တောင်းနေရတဲ့ အာဆီယံက လူသားချင်းစာနာမှုအကူအညီပေ...

HTY Information 8 months ago

ရန်ကုန် ဒေါပုံ မြို့သစ် အုပ်ချုပ်ရေးမှုရုံးအား ချိန်ကိုက်ဗုံးဖောက်ခွဲခ...

HTY Information 7 months ago

အမေရိကန်လက်နက်တင်ပို့မှုပိတ်ပင်လိုက်တာကြောင့် USA ထုတ်လက်နက်မှန်သမျှ ဖ...

HTY Information 5 months ago

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လက်ရှိအခြေအနေအား အဆိုးရွားဆုံးမရောက်ခင်...

HTY Information 7 months ago

“မြန်မာမှာ အာဏာကိုင်ထားတဲ့စစ်ခေါင်းဆောင် နဲ့မတွေ့လို့ ဘယ်သူနဲ့တွေ့ရမှာ...

HTY Information 5 months ago