ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ဩဂုတ်လ (၁၀)ရက်နေ့က ပရဟိတလုပ်ကိုင်ရင် ဖမ်းဆီးခံခဲ့သော မြို့နယ်၏ထင်ပေါ်ကြော်ကြားသူတစ်ဦးဖြစ်သော သားဇော် အပါအဝင် (၄)ဦးကို အောက်တိုဘာလ (၆)ရက်နေ့တွင် လွတ်ရက်မရှိ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ (၄)ဦးသည် စစ်ကောင်စီမှ မြို့နယ်ထင်ပေါ်ကျော်ကြားသူဖြစ်တဲ့အတွက် (၅၀၅)အမိန့် ထုတ်ပြန်ထားသောကြောင့် တိမ်းရှောင်နေရာမှ ကိုဗစ်တတိယလှိုင်းဖြစ်ပွားစဉ်ကာလ အောက်ဆီဂျင် လိုအပ်သူများအား ကူညီထောက်ပံ့ရန်ပြန်လည်ရောက်ရှိလာချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက ကိုသားဇော်အပါအဝင် ကိုရဲထွန်းတောက်၊ မကြည်ပြာဝင်း၊ မခင်မျိုးဦးတို့ (၄)ဦးလုံးကို ထန်းတပင် PDF ဟု သတင်းထုတ်ပြန်ခဲ့ပြီး ယခုအခါ အင်းစိန်ထောင် စစ်ခုံရုံးမှ ပုဒ်မ ၁၇(၁) ၊ ၁၇(၂)၊ အကြမ်းဖက်မှု၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့်စွဲချက်တင်ကာ လွတ်ရက်မရှိ တစ်သက်တစ်ကျွန်း ချမှတ်လိုက်တာလည်းဖြစ်ပါသည်။
အာဏာသိမ်း စစ်ကောင်စီသည် ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းယူပြီးချိန်မှစ၍ ယမန်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခံရသူ (၇၁၉၆)ဦး၊ ဖမ်းဝရမ်းထုတ်ခံရသူ (၁၉၈၉) ဦး နှင့်အပြစ်မဲ့သေဆုံးသူ (၁၁၆၄)ဦးထိရှိပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားပါသည်။
အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၁
#HTY_Information