ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုံ၊ မူကြိုလမ်းဆုံအနီးက GASAN APPAREL စက်ရုံတွင် ဒီကနေ့နံနက်ပိုင်းက လစာ အဓမ္မ ဖြတ်တောက်ခြင်းကြောင့် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး စက်ရုံရှိတာဝန်ရှိသူများက စစ်တပ်အားခေါ်ယူကာ ဖမ်းဆီးစေခိုင်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
" အရင်က ဒေးကြေး၊ Ot ကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ ကားခ ၊ ထမင်းဖိုး နဲ့ နှစ်ကြေးဆိုပြီးပေးပါတယ်။ အခုက အားလုံးဖြုတ်ချလိုက်ပြီး ဒေးကြေး ၄၈၀၀ ပဲရမယ်လို့ပြောလို့ စက်ရုံလုပ်သား ၃၅၀ ဝန်းကျင်နဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ် အဲ့ဒါကို မဖြေရှင်းပေးပဲ စက်ရုံက GM မခင်သန္တာဦးနဲ့ မန်နေဂျာဦးမျိုးလွင်တို့က စစ်တပ်ကိုခေါ်ပြီး လာဖမ်းခိုင်းပါတယ်။ စစ်ကား (၅)စီး ရဲကား (၁)စီးနဲ့ရောက်လာပါတယ် ဒါပေမဲ့ အလုပ်သမားတွေက ညီတော့ ဖမ်းတော့မသွားဖူး (၁၁:၀၀)လောက်မှာပြန်သွားကြတယ် ဘယ်ချိန်လာဖမ်းမယ်တော့မသိဖူး ဓာတ်ပုံတွေရိုက်သွားတယ်" ဟု အဆိုပါစက်ရုံ၏ဝန်းထမ်းတစ်ဦးကဆိုပါသည်။
ဒါပြင် ယခုဖမ်းစေခိုင်းခဲ့သော GM မခင်န္တာဦးဟာ ရဲမှူးသမီးဖြစ်ပြီး မန်နေဂျာဖြစ်သူ ဦးမျိုးလွင်ဟာလည်း အငြိမ်းစား စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည်ဟု ဆက်လက်ပြောကြားသွားခဲ့သည်။
လှိုင်သာယာမြို့နယ်အတွင်း စက်ရုံအများစုဟာ စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးနေခြင်းကို အခွင့်ကောင်းယူခါ အလုပ်သမား ဝန်းထမ်းများအပေါ် ဖိနှိပ်မှုများ မကြာခဏဆိုသလို ရှိနေခဲ့ပါသည်။
နိုဝင်ဘာ ၅ ရက်၊ ၂၀၂၁
#လှိုင်သာယာ
#GASAN_APPARELစက်ရုံ
#HTY_Information