HTY Information 2 months ago

လှိုင်သာယာမြို့နယ်က မူလတန်းကျောင်းအတွင်း စစ်တပ်ရဲ့ ဖမ်းဆီးခံလိုက်ရသော စတုတ္ထတန်းကျောင်းသားလေးပြန်လည်လွတ်မြောက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၆)ရပ်ကွက် ထွန်းသီရိလမ်းမှာရှိတဲ့ အမက (၃၉) စာသင်ကျောင်းအ တွင်း ဒီကနေ့ မွန်းလွှဲ (၂:၀၀) ဝန်းကျင်အချိန်ခန့်က စတုတ္ထတန်းခလေးငယ်တစ်ဦး "မအေ-ိုး မအလ" ဟု ဆော့ကစားရင်း သီဆိုခဲ့သည်အတွက် စစ်တပ်က ဝင်ရောက်ဖမ်းဆီးမှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားခံရသော စတုတ္ထတန်း ကျောင်းသားလေးကို ဒီကနေ့ ည (၁၀:၀၀)ဝန်းကျင်အချိန်ခန့်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံများထံက သိရှိရပါတယ်။

"ဖမ်းတာက နေ့လည် (၂:၀၀)လောက်ကပေါ့နော် ခလေး (၁၄)ယောက် ဒါပေမဲ့ အဲ့ထဲက မှုံကြီးလို့ ရပ်ကွက်ကခေါ်တဲ့ ကလေးလေးကိုပဲ ဖမ်းသွားတာ တကယ်တမ်းဖြစ်စဉ်က အပြင်မှာ သတင်းပြန့်နေသလို ကျောင်းအုပ်နဲ့ ဆရာ/ဆရာမတွေက တိုင်လိုက်တာမျိုးမဟုတ်ပါဘူး အားလုံးက အစည်းအဝေးလုပ်နေကြတာပါ။ အဲ့ကလေးရဲ့ အော်ပြောသံကို ကျောင်းနားဝန်ကျင်မှာရှိတဲ့ ဒလန် တစ်ယောက် ယောက်က ကျောင်းထဲဆန္ဒပြနေတယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြားလိုက်တာပါ အဲ့ဒါစစ်တပ်ကရောက် လာပြီး ဆရာမတွေကို ခေါ်ပြီး ကလေးကို ထုတ်ခိုင်းတာပေါ့နော် အဲ့မှာ စစ်တပ်က စုစုပေါင်း (၁၄)ယောက်ကို စစ် ဆေးမေးမြန်းပြီး နောက်ဆုံး မှုံကြီးဆိုတဲ့ ကလေး လေးကို ဖမ်းသွားတာဖြစ်တယ်လို့ " အမည်မဖော်လိုသူတစ်ဦးက ဆိုပါသည်။

အဆိုပါဖမ်းဆီးခံလိုက်ရသော စတုတ္ထတန်းကလေးငယ် မှုံကြီး ကို စစ်တပ်က စခန်းတွင်း (၈)နာရီ ကျော်ကြာ ထိန်း သိမ်းစစ်ဆေးပြီးနောက် ဒီကနေ့ ည (၁၀)နာရီမှာ ပြန်လည် လွတ်မြောက်လာပြီလို့ အတည်ပြုသတင်း ရရှိခဲ့ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇူလိုင်လ ၇ ရက် ၊ ၂၀၂၂


#လှိုင်သာယာ

#ဓာတ်ပုံ_ပုံဟောင်း

#HTY_Information

မြန်မာ့ရွှေဈေးကွက် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆက်လက်မြင့်တတ်

HTY Information 1 year ago

ရန်ကုန် တောင်ဒဂုံမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး သေနတ်နဲ...

HTY Information 3 months ago

လှိုင်သာယာမြို့နယ် အမှတ် (၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးထပ်ဆ...

HTY Information 8 months ago

ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း လုံခြုံရေးခြိမ်းခြောက်ခံရ၊ အမေရိကန်မှ သ...

HTY Information 1 year ago

ရန်ကုန်မြို့ရဲ့ အချက်အချာကျသော နေရာမှာဖွင့်လှစ်ထားပြီး နာမည်ကျော် လူသိ...

HTY Information 7 months ago