လှိုင်သာယာမြို့နယ် ယနေ့မွန်းလွဲပိုင်း ဗုံး “၇” လုံးပေါက်ကွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး ဒဏ်ရာရ

ဇွန်လ (၁၈) ရက် မွန်းလွှဲ (၂:၃၀) မှ၊ ညနေ (၃:၅၀) ဝန်းကျင်အတွင်း၊ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော၊ ဌာနဆိုင်ရာ ရုံးများတည်ရှိရာ ရုံးရှေ့မှတ်တိုင် နှင့် ၁၀၃ မှတ်တိုင်ကြား၊ ကျန်စစ်သားလမ်းမတွင် ဗုံး “၇” လုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မျက်မြင်အချို့နှင့် အနီးနားစုံစမ်းမှုအရ ကနဦး ရုံးရှေ့လမ်းဆုံအနီးတွင်စတင်ပေါက်ကွဲခဲ့ပြီး၊ City Mart အနီးတွင် ထပ်ဆင့်ပေါက်ကွဲခဲ့ရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းစဉ် ထပ်မံပေါက်ကွဲခဲ့ခြင်းကြောင့် တပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုဖြစ်ခဲ့စဉ်နှင့် ပေါက်ကွဲမှုများအပြီးတွင် လမ်းပိတ်တားဆီး စစ်ဆေးမှုများရှိခဲ့ကြောင်းလည်းသိရှိရပါသည်။

ဇွန်လ ၁၈ရက် ၊ ၂၀၂၁

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူ စစ်မှုထမ်းဟောင်းနှစ်ဦး သေန...

HTY Information 1 year ago

ရွှေဈေးကျဖို့ ရွှေဒင်္ဂါးထုတ်ရောင်းနေသောစစ်ကောင်စီက ရွှေဒင်္ဂါးကို လက်...

HTY Information 3 weeks ago

ဒေါ်လာဈေးကျဆင်းရန်ဟုဆိုခါ ဗဟိုဘဏ်မှ တစ်ပတ်အတွင်း ဒေါ်လာ သန်း၄၀ ထုတ်ရော...

HTY Information 1 year ago

ကျောက်မဲမြို့က က​မ္ဘောဇဘဏ်ခွဲတွင် ဓားပြတိုက်မှုဖြစ်ပွား

HTY Information 1 year ago

အမေရိကန်ကာကွယ်ရေးဝန်ကြီး အရှေ့တောင်အာရှသို့ မကြာမှီရက်ပိုင်းအတွင်း လာရ...

HTY Information 1 year ago