HTY Information 3 months ago

လှိုင်သာယာမြို့နယ် ရွှေကမ်းသာယာအိမ်ရာအတွင်းမှာရှိတဲ့ KBZ ဘဏ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်း၊လှိုင်သာယာ (အနောက်ပိုင်းမြို့နယ်)၊ သမကုန်းမှတ်တိုင်အနီးရှိ ရွှေကမ်းသာယာအိမ်ရာအတွင်းက KBZဘဏ် မှာ ဒီကနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

ဒီကနေ့ ဇွန်လ ၈ ရက် နံနက် (၈:၃၀)ဝန်းကျင်အချိန်ခန့်က KBZ ဘဏ်ဝင်ပေါက်နှင့် ATM စက် ကြားတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အမြောက်အများ ရောက်ရှိခဲ့ပြီး ရှာဖွေစစ်ဆေးမှုများပြုလုပ်ကာ (၁၀:၃၀) ဝန်းကျင်အချိန်ခန့်တွင် ပြန်လည်ထွက်သွားကြကြောင်း သိရှိရပါသည်။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရှိရသေးပါဘူး။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇွန်လ ၈ ရက် ၊ ၂၀၂၂


#လှိုင်သာယာ

#KBZဘဏ်ဗုံးပေါက်ကွဲမှု

#HTY_Information

ရပ်ကွက်ရုံးရှေ့ ဖြတ်လျှောက်မိသူအား ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ကင်းသမား ၇...

HTY Information 1 year ago

NUG မှ ပြည်သူများကို Covid-19 ကာကွယ်ဆေး စတင်ထိုးပေးတော့မည်ဟု အသိပေးပြေ...

HTY Information 1 year ago

🏦ဗဟိုဘဏ်မှ ငွေကြေးဆုံးရှုံးများမဖြစ်ပေါ်နိုင်ကြောင်း ကြေညာချက်ပြန်ပြီး...

HTY Information 1 year ago

ပြီးခဲ့တဲ့လက KIA တိုက်ခိုက်သိမ်းယူထားသော ဆွမ်ပီယန်တပ်စခန်းကို စစ်အုပ်စ...

HTY Information 6 months ago

အကြမ်းဖက်စစ်ကောင်စီ၏ ခြေကုပ်စခန်းတစ်ခုကို KNLA တက်ရောက်သိမ်းယူ

HTY Information 1 year ago