HTY Information 3 months ago

လှိုင်သာယာမြို့နယ် အမှတ်(၂၀)ရပ်ကွက်က ရဲအင်ဖော်မာ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၀)ရပ်ကွက် ဝေပုလ္လ (၂) လမ်းတွင် ဒီကနေ့ နံနက် (၇:၃၀)ဝန်း ကျင်အချိန်ခန့်က ရဲအင်ဖော်မာတစ်ဦးဖြစ်သလို အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ်သူတစ်ဦး ပစ်ခတ်ခံရတယ်လို့သိရပါတယ်။

ပစ်ခတ်ခံရသူဟာ ဝင်းဇော် ဆိုသူဖြစ်ပြီး ရပ်ကွက်ထဲ ဒလန် လို့သတင်းကြီး ကျော်ကြားနေသူလည်းဖြစ်တယ်လို့ ဒေသခံများကဆိုပါတယ်။

"သူကဟိုးအရင်ထဲက ရဲနောက်လိုက် ရဲအင်ဖော်မာပေါ့ အခုက ဆယ်အိမ်မှူးလိုလို ရာအိမ်မှူးလိုလိုပဲ သူ့ကြောင့်အဖမ်းခံရတဲ့သူတွေလည်းရှိတယ် ပစ်ခတ်ရတာ (၃)လို့တော့ ပြောကြတယ် အခြေအနေတော့မကောင်းနိုင်ဖူး" လို့ဒေသခံတစ်ဦးက ဆိုပါသည်။

၎င်းပစ်ခတ်မှုနဲ့ပတ်သတ်ပြီး မည်သည်အဖွဲ့ကလုပ်ဆောင်ခဲ့ကြောင်းမသိရှိရသေးသလို ပစ်ခတ်ခံရပြီးနောက် စစ်တပ် ရဲနဲ့ လူမိုက်လိုလိုကောင်တွေ ရောက်လာကြတယ်လို့ စုံစမ်းသိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇွန်လ ၉ ရက် ၊ ၂၀၂၂


#လှိုင်သာယာ

#ဝင်းဇော်ပစ်ခတ်ခံရ

#HTY_Information

လှိုင်သာယာမြို့နယ်တွင်း ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးအား အကြမ်းဖက်စစ်တပ်...

HTY Information 1 year ago

အမရပူရတွင် စစ်ကားတစီး ဗုံးခွဲတိုက်ခံရပြီးနောက် မြို့ဝင် မြို့ထွက် ပိတ်...

HTY Information 1 year ago

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းသောကြောင့်...

HTY Information 1 year ago

ပင့်ဖားမြှောက်စားခဲ့သော်လည်း ကမ္ဘောဒီးယားက ASEAN အစည်းအဝေးပွဲသို့ စစ်က...

HTY Information 7 months ago

သန်လျင်တံတားအဆင်းရှိ စစ်ကောင်စီဂိတ်နှင့် တိုင်းရင်းသားကျေးရွာအနီး မီးပ...

HTY Information 10 months ago