လှိုင်သာယာမြို့နယ် အမှတ် (၁၉) ရပ်ကွက် ရာအိမ်မှူးအား သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

HTY Information

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အမှတ် (၁၉)ရပ်ကွက် ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးမောင်ထွန်းအား ယနေ့ ဇွန်လ (၁၈) ရက် နံနက်ပိုင်းအချိန်တွင် သေနတ်ဖြင့် ဖြစ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး HTY Information အနေဖြင့် နံနက်ပိုင်း အချိန်ကတည်းက စုံစမ်းမှုများ အဆက်မပြတ်ပြုလုပ်ခဲ့သော်လည်း၊ ပစ်ခတ်မှုကြောင့် ထိခိုက်မှုမရှိဟုသာ လတ်တလော သိရှိထားရပါသေးသည်။

"ပစ်တာက ဦးချစ်မောင်လမ်းမှာဖြစ်သွားတာ။ ရာအိမ်မှူးကိုမထိသွားဘူး လို့လည်းကြားတယ်။ သေနတ်နဲ့ပစ်တာ မထိဖူးဆိုတော့ ရီတော့ရီစရာပေါ့။ အဲ့ပတ်ဝန်းကျင်ကို အစစ်အဆေးတွေအရမ်းလုပ်နေတော့ သေချာတော့မသိရသေးဘူး " ဟု အမည်မဖော်လိုသူတစ်ဦးက HTY Information သို့ပြောသည်။

လက်ရှိအနေအထားအရ ထိခိုက်မှုအသေးစိတ်ကို အတည်မပြုနိုင်သေးပါ။ နယ်မြေတင်းကျပ်စွာ စစ်ဆေးမှုများ အမှန်တကယ်ဖြစ်ပေါ်နေခြင်းကြောင့် မြို့နေပြည်သူအများ သတိပြုသွားလာကြစေရန် အသိပေးတင်ပြအပ်ပါသည်။

#ဓာတ်ပုံ_ပုံအဟောင်း

#HTY_Information

ဓာတ်ငွေ့ပိုက်လိုင်းများ လုံခြုံစွာနဲ့ ချောမောစွာ လည်ပတ်နိုင်ဖို့ အာမခံ...

HTY Information 2 months ago

မိမိတို့တာဝန်ယူချိန် တိုင်းပြည်အား ဆင်စီးပြီး မြင်းရံတာမျိုးပဲ မြင်ချင...

HTY Information 8 months ago

သေဆုံးသွားတဲ့ ပါတီဝင်တွေအတွက် အထိမ်းအမှတ်ကျောက်တိုင် ပြုလုပ်နေတယ်လို့...

HTY Information 8 months ago

တရုတ်နှင့် အနောက်နိုင်ငံများကြား တင်းမာမှုမြင့်တက်နေ၍ ဂျာမနီစစ်သင်္ဘော...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်အတွင်း နေအိမ်တွင် ဆိုင်ကယ်ရှိနေပါက စစ်ကောင်စီနှင့် ရ...

HTY Information 1 year ago