HTY Information 2 months ago

လှိုင်သာယာမြို့နယ် အမှတ် (၁၆)ရပ်ကွက်တွင် လူငယ် (၄)ဦးအား မျက်နှာများအုပ်၍စစ်တပ်ကရိုက်နှက်ဖမ်းဆီး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက် တွင် ဒီကနေ့ ဇူလိုင်လ ၇ ရက် ညနေ (၆:၀၀)ဝန်းကျင်ခန့်က လူငယ် (၄)ဦးအား ရိုက်နှက်ကာ မျက်နှာများအုပ်၍ ဖမ်းဆီးသွားကြောင်းသိရပါသည်။

အဆိုပါ ဖမ်းဆီးခံရသူ (၄)ဦးတွင် (၂)ဦးကို ဦးပုညလမ်းရှိ စာသောက်ဆိုင်တစ်ခုမှာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး တစ်ဆက်ထဲမှာပဲ မူဆယ်လမ်းရှိ နေအိမ်တစ်အိမ်တွင် (၂)ဦးကို ထပ်မံဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံများက ထံမှသိရပါတယ်။

" ပထမ ဦးပုညလမ်းထဲ အိမ်စီးကား အာရာဖက်တစ်စီး ကားအမဲတစ်စီးနဲ့ ဝင်လာပြီး စားသောက်ဆိုင်ထဲ ထိုင်နေတဲ့ ကောင်လေး (၂)ယောက်ကို တန်းထုရိုက်တော့တာပဲ ပြီးမှ မျက်နှာတွေအဝတ်နဲ့အုပ်ပြီး ကားပေါ်တင်သွားတယ် ချက်ချင်းနောက်တစ်လမ်း မူဆယ်လမ်းကို သွားပြီး အိမ်တစ်အိမ်မှာ ကောင်လေး နောက်ထပ် (၂)ယောက်ကို ထပ်ဖမ်းသွားတယ် ဘာလို့ဖမ်းတယ်ဆိုတာတော့ ဘယ်သူမှသေချာမသိကြဖူး " လို့ ဒေသခံများကိုဆိုပါသည်။

အဆိုပါဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး သတင်းရယူလိုက်လံစုံစမ်းခဲ့ပေမဲ့ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာကို မသိရှိခဲ့ရသလို စားသောက်ဆိုင်မှာ ဖမ်းဆီးခံရသူ (၂)ဦးဟာလည်း ဒေသခံတွေမဟုတ်ဖူးလို့ သိရှိရပါသည်။ လှိုင်သာယာမြို့နယ်တွင်း ပြီးခဲ့တဲ့ လပိုင်းလောက်ထဲက လူငယ်တွေအဆက်မပြတ်ဆိုသလို ဖမ်းဆီးခံရမျိုးတွေ ရှိခဲ့ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇူလိုင်လ ၇ ရက် ၊ ၂၀၂၂


#လှိုင်သာယာ

#လူငယ်လေးဦးဖမ်းဆီးခံရ

#HTY_Information

စားရေရိက္ခာပေါများပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဟာ စစ်ကောင်စီ ရဲ့...

HTY Information 7 months ago

ရပ်ကွက်ရုံးရှေ့ ဖြတ်လျှောက်မိသူအား ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ကင်းသမား ၇...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ပစ်ခတ်မှုဖြစ်ပွားပြီ...

HTY Information 3 months ago

ချင်းပြည်နယ်၊ထန်တလန်မြို့ရှိ နေအိမ်များမီးရှို့မှုသည် ၎င်းတို့ကြောင့်မ...

HTY Information 10 months ago

မုံရွာတွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

HTY Information 1 year ago