HTY Information 4 months ago

လှိုင်သာယာမြို့နယ် (၅)ထိပ် မြို့မရဲစခန်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူ ၂ဦးရိုက်နှက်ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (၅)ထိပ် မြို့မရဲစခန်းအနီး ညောင်တုန်းလမ်းမကြီးပေါ်တွင် ဒီကနေ့ ည (၇:၃၀)ဝန်းကျင်က အသံကျယ်လောင်သော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သော အနီးနားဝန်းကျင်မှ လူနှစ်ဦးရိုက်နှက်ဖမ်းဆီးခံထားရကြောင်းသိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ CGF HTY မှ ၎င်းတို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ထားခဲ့ပြီး မပေါက်ကွဲသေးသော ဗုံးများကိုပါ သတင်းပေးပို့ခဲ့သည်ဟု ၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့်ဖော်ပြထားပါသည်။

အထက်ပါ ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်မှအကြောင်းမဲ့ဖမ်းဆီးခံထားရသူအားမလွှတ်ပေးသေးသလို ထိခိုက်မှု အသေးစိတ်ကိုလည်း မသိရှိရသေးပါဘူး။ လက်ရှိအနေအထားအရ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ညောင်တုန်းလမ်းမအား ခေတ္တယာယီပိတ်ထားပြီး လမ်းလွှဲမှမောင်းနှင်ခွင့်ပြုထားပါသည်။

၎င်းမြို့မရဲစခန်းအနီးတွင် ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စခန်းရှေ့ရှိသော ကားတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပါသေးသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဩဂုတ်လ ၃၀ရက်၊ ၂၀၂၁


#လှိုင်သာယာ

#ဗုံးပေါက်ကွဲ

#HTY_Information

နေ့စဉ်လျှပ်စစ်မီးပြတ်တောက်မှုမကြာခဏဖြစ်ပေါ်သည့်အတွက် မကြာမှီအချိန်အတွင...

HTY Information 4 days ago

လှိုင်သာယာမြို့နယ်က အဆင့်မြင့်ရပ်ကွက် ပီမိုးနင်းလမ်းပေါ်က ဖြို့ဖျက်ခံခ...

HTY Information 1 month ago

တူရကီ၊ ဂရိ၊ အီတလီ၊ စပိန် နိုင်ငံများတွင် အပူချိန်မြင့်မားမှုကြောင့် တ...

HTY Information 5 months ago

လှိုင်သာယာ၊ အတွင်းပဒံကျေးရွာရှိ ကျူးကျော်များအား ၅ သိန်းပေးပြီး တစ်ပတ်...

HTY Information 6 months ago

ဈေးကွက်တွင်း ဒေါ်လာဈေး ၂၀၀၀ ကျော်ရှိနေသည်ကိုပင် ငွေလဲနှုန်းအကျပ်အတည်းထ...

HTY Information 3 months ago