HTY Information 3 months ago

လှိုင်သာယာမှ အသက် ၅၀ အရွယ် ပြည််သူတစ်ဦးကို စစ်ကောင်စီမှ မတရားသဖြင့်ပုဒ်မတပ်ဖမ်းဆီးကာ သေဒဏ်ချမှတ်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာတွင် နေထိုင်သော အသက် ၅၀ အရွယ် ပြည်သူတစ်ဦးကို ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးသွားခဲ့ပြီးနောက််၊ ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့တွင် စစ်ခုံရုံးမှ သေဒဏ်အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

“၁ လပိုင်းတုန်းက စစ်တပ်သတင်းပေးတစ်ယောက် အသတ်ခံရတာနဲ့ ပတ်သတ်နေတယ်ဆိုပြီး၊ ၄ လပိုင်းတည်းက မတရားဖမ်းသွားတာပါ။ မိသားစုနဲ့လည်း လုံးဝအဆက်အသွယ်မရဘူး၊ မနေ့ကမှ သေဒဏ်ချလိုက်တယ်ဆိုပြီး အတွင်းသတင်းကတဆင့် မိသားစုဝင်တွေ သိရတာ” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးမှ HTY Information သို့ သတင်းပေးပို့သည်။

အဆိုပါ မတရားသေဒဏ်ချမှတ်ခံရသော အမျိုးသမီးသည် အသက် ၅၀ အရွယ်ဖြစ်ပြီး၊ သားသမီး ၃ ယောက်ရှိကာ၊ ရပ်ကွက်အတွင်း ရိုးရိုးသားသား စျေးရောင်းချနေသော သာမာန်ပြည်သူတစ်ဦးသာ ဖြစ်သည်ဟုလည်း သိရသည်။ ဒါပြင် စစ်ကောင်စီမှ မတရားဖမ်းဆီးသွားပြီးချိန်မှစကာ ယမန်နေ့ သေဒဏ်ချမှတ်လိုက်သည့် အချိန်ထိ မိသားစုဝင်များကို တစုံတရာအကြောင်းကြားခြင်းမရှိသလို၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရဟုလည်း သိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

ဇွန်လ ၁၈ ရက်၊ ၂၀၂၂

#လှိုင်သာယာ #သေဒဏ်

#HTY_Information

ရန်ကုန် ယုဇန ဥယျာဉ်မြို့တော်တွင် ကြံ့ခိုင်ရေးပါတီဝင် ရဲကြီးဆိုသူ သေနတ်...

HTY Information 1 year ago

ဘားအံ တကောင်ဘိုးတိုက်ပွဲ KNU တပ်မဟာ(၁)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖ...

HTY Information 1 year ago

တုတ်ပြီး ဓါးပြီးဆေးထိုးထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ကော့မ...

HTY Information 3 months ago

ပြည်တွင်းနာမည်ကြီး စီးကရက် ကုမ္ပဏီကြီးတစ်ခုဖြစ်သည် British American To...

HTY Information 11 months ago

ဆရာဝန်၊အနုပညာရှင်နှင့်လုပ်ငန်းရှင်အချို့အား ပုဒ်မ505(က) ဖြင့် ဖမ်းဆီး...

HTY Information 1 year ago