HTY Information 2 months ago

လှိုင်သာယာ မြန်မာ့စီးပွားရေးဘဏ်မှာဗုံးပေါက်ကွဲမှုဖြစ် ပွား ဆက်စပ်သူကို ဖမ်းဆီးခံရတယ်လို့ဆို

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ (၈) ရပ်ကွက်၊ အရှေ့ပိုင်းမြို့မရဲစခန်းဘေးရှိ မြန်မာ့စီးပွား ရေးဘဏ်တွင် ဒီကနေ့ နံနက် (၁၀:၀၀) ဝန်းကျင်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းသိရသည်။

အဆိုပါပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဗုံးလာရောက်ခွဲသူကို ဖောက်ခွဲရေးဆက်စပ်ပစ္စည်းနဲ့အတူဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီရဲ့ လက်ဝယ်ခံသတင်းဌာနအချို့ကထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး အမှတ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး လူငယ် (၁)ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများရဲ့ပြောကြားချက်အရသိရသော်လည်း အဆိုပါဖမ်းဆီးခံရသူဟာ ပေါက်ကွဲမှုဆက်စပ်သူ ဟုတ်မဟုတ်ကိုတော့ HTY info အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါပြင် ဖမ်းဆီးခံလိုက်ရသည့် လူငယ်တစ်ဦးရဲ့ မိသားစုဝင်တွေကိုလည်း အမှတ် (၂)ရပ်ကွက် ဗထူး (၉)လမ်းရှိ နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ဆက်လက်စုံစမ်းသိရှိရပါသည်။

၎င်းဖောက်ခွဲမှုဖြစ်စဉ်နဲ့ပတ်သက်၍ ယခုချိန်ထိ မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့ကြောင်းနှင့် အဖွဲ့ဝင်ဖမ်းဆီးခံရခြင်းရှိမရှိကိုလည်း သတင်းထုတ်ပြန်ထားတာမျိုးမတွေ့ရှိရသေးပါဘူး။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇွန်လ ၂၉ ရက် ၊ ၂၀၂၂ 


#လှိုင်သာယာ

#မြန်မာ့စီးပွားရေးဘဏ်ဗုံးပေါက်ကွဲ

#HTY_Information

မန္တလေးတွင် မြရည်နန္ဒာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ သေနတ...

HTY Information 1 year ago

တရုတ်နိုင်ငံထုတ် SINOPHARM ကိုအမည်ပြောင်းထားပြီး MYANCOPHARM အမည်ရ Cov...

HTY Information 6 months ago

စစ်တပ်သတင်းပေးကြောင့် မတရား ဖမ်းဆီးခံရသော လူငယ်တစ်ဦး မိသားစုနှင့် အဆက်...

HTY Information 5 months ago

အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ် ၁၀၅ မြို့နယ်မှ ရဲစခန်းနှင့် ရဲကင်းစ...

HTY Information 11 months ago

မြန်မာကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းနေသော်လည်း စစ်ကောင်စီမှ ငွေစက္ကူအသစ်...

HTY Information 1 year ago