HTY Information 2 months ago

လှိုင်သာယာ FMI အိမ်ယာမှာ အိမ်ယာထိန်းသိမ်းရေးအဖွဲ့နဲ့ တရုတ်လူတွေအချင်းများရာမှ စစ်တပ်ပိုင်တယ်ဟုဆိုကာ တရုတ်တွေကသေနတ်ပြခြိမ်းခြောက်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် FMI City အိမ်ယာမှာ ဒီ ကနေ့ ဇူလိုင် ၁၈ ရက် မွန်းလွှဲ (၂:၃၀)ဝန်းကျင်အချိန်ခန့်က အိမ်ယာကော်မတီရုံးအတွင်း လက်နက်ကိုင်ဆောင်ထားသော တရုတ်နိုင်ငံသား (၁၀)ဦးခန့်က သေနတ်ပြခြိမ်းခြောက်မှုဖြစ်ပွားခဲ့တယ်လို့ အိမ်ယာတွင်းနေထိုင်သူတွေထံမှသိရပါတယ်။

"ဖြစ်တာက အိမ်ငှားကိစ္စကနေ စပြီးအချင်းများကြတာပေါ့ အဲ့ဒါနဲ့ တရုတ်တွေကပြန်သွားပြီး နောက်တစ်ခေါက် သေနတ်တွေနဲ့ ၁၀ ယောက်လောက် ပြန်လာကြတာ လူတွေလည်း ဝိုင်းကြည့်နေတာအများကြီး ဒါတောင် အဲ့က ဝန်းထမ်းကောင်လေးတွေကို သေနတ်ထုတ်ပြပြီး စစ်တပ်ပိုင်တယ် ဂရုစိုက်ဖူး ဘာညာနဲ့ ခြိမ်းခြောက်သွားတယ် တရုတ်တွေဆို မြန်မာနိုင်ငံမှာ တရားဝင် လူပါးဝခွင့်ရသွားတာလား မသိဖူးလို့ " မျက်မြင်တွေ့ရှိခဲ့သူတွေက ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရုပ်သံ Video မှတ်တမ်းနဲ့ ဓာတ်ပုံတွေကတစ်ဆင့် မြင်တွေ့ခွင့်ရသော်လည်း စစ်တပ်ပိုင်တယ်ဆိုတဲ့အတွက် ရိုက်ကူသူများရဲ့ လုံခြုံရေးကြောင့် ချန်လှန့်ထားခဲ့ပါသည်။

FMI အိမ်ယာဟာ တရုတ်လူမျိုးများ ထင်တိုင်းကျဲရာနေ ရာတစ်ခုအဖြစ် မြို့နယ်တွင်း ရေပန်းစားနေသလို ပြီးခဲ့ သင်္ကြန်ကာလကလည်း စစ်တပ်နဲ့ တရုတ်တွေပူပေါင်းက သင်္ကြန်ပွဲတော် ကျင်းပခဲ့ပါသေးသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇူလိုင်လ ၁၈ ရက် ၊ ၂၀၂၂


#လှိုင်သာယာ

#FMIcity

#ဓာတ်ပုံ_ဒီဇင်ဘာလကတရုတ်လူမျိုးများအိမ်ယာတွင်းပြသနာရှာခဲ့စဉ်က

#HTY_Information 

ရန်ကုန် တောင်ဒဂုံမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး သေနတ်နဲ...

HTY Information 3 months ago

လှိုင်သာယာမြို့နယ် ဘုရားလမ်းလမ်းဆုံအနီးပစ်ခတ်မှုဖြစ်၍ စစ်ကောင်စီတပ်ဖွဲ...

HTY Information 11 months ago

“ခိုးယူထားသည့် ပိုင်ဆိုင်မှုများအားလုံးကို ပြည်သူများထံ ပြန်လည်ပေးအပ်ရ...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်တွင်း ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအနီးက ဘယ်သူမှဂရုမစိ...

HTY Information 5 months ago

ပြည်ပ ရန်လိုမှုများအား ရင်ဆိုင်လာရပါက ပိုမိုပူးပေါင်းဆောင်ရွက်ရေး မြော...

HTY Information 1 year ago