ဥကရစ်ထစခန်းကို သာလွန်အင်အားသုံး လာရောက်တိုက် ခိုက်ကျပေမဲ့ ကျဆုံးတာမျိုးမရှိသေးဘူးလို့ ဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း- မြန်မာနယ်စပ်မှာရှိ စစ်ကောင်စီတွေရဲ့ ဥကရစ်ထစခန်းကို တိုင်းရင်းသား လက်နက်ကိုင်ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေသောလည်း လက်ရှိအချိန်အထိ စစ်စခန်းကို လက်မလွှတ်ရသေးဘဲ ခုခံကာကွယ်နေဆဲဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့ကစလို့ ဥကရစ်ထစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ KNLA ၊ KNDOနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက သာလွန်အင်အားသုံးပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ၈ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်တာခံခဲ့ပေမဲ့ ခုခံကာကွယ်နေတယ်လို့ ၎င်းက ဆိုပါတယ်။

အဆိုပါ လာရောက်တိုက်ခိုက်မှုကို လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံကာကွယ်နေလို့ စခန်းကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ခိုက်လာသူတွေဘက်က အကျအဆုံးများနေတယ်လို့လည်း ပြောပါတယ်။

ဒါပြင် တိုက်ပွဲအတွက် ကျည်ဆံဖိုး အလှူခံနေတဲ့ ရုပ်သံဖိုင်တွေကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ပြခဲ့ပြီး လူနေအိမ်တွေ၊ စာသင်ကျောင်းတွေကနေ ခြေကုပ်ယူပြီး တိုက်ခိုက်နေကြတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုသွားပြီး နယ်စပ်ဒေသအေးချမ်းရေးနဲ့ ကျေးရွာအေးချမ်းရေးတွေကို ဘယ်သူတွေက ဖျက်ဆီးနေတာလဲဆိုပြီးတော့ သူက ပြန် မေးခွန်းထုတ်သွားခဲ့ပါတယ်။

လက်ရှိအချိန်တွင် ဥကရစ်ထစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်မှထိခိုက်ကျဆုံးများနေသလို လေကြောင်း ကုန်းကြောင်းများဖြင့် သာလွန်အင်အားသုံးတိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ်များကျဆုံးမှုပိုမိုများနေခဲ့ပြီး ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့မှာပဲ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံခဲ့ရကာ အများအပြားသေဆုံးပြီး လက်နက်များလည်း သိမ်းဆည်းခံခဲ့ရပါသေးသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇူလိုင်လ ၁ ရက် ၊ ၂၀၂၂


#သတင်းစာရှင်းလင်းပွဲ

#ဥကရစ်ထစခန်းသိမ်းတိုက်ပွဲ

#HTY_Information 

အထောက်အထားမခိုင်လုံပဲ လူပုဂ္ဂိုလ်တစ်ဦးနှင့် အဖွဲ့အစည်းများအား မျက်စီစု...

HTY Information 1 year ago

ရည်မှန်းချက်တွေမပြည့်မချင်း နောက်ဆုတ်သွားဖို့မရှိတာကြောင့် ယူကရိုန်းကိ...

HTY Information 5 months ago

NLD ပါတီဝင်များအား ဖမ်းဆီးထားပြီး NLD ပါတီကို ဖျက်သိမ်းဖို့ အစီအစဉ်မရှ...

HTY Information 8 months ago

နယ်သာလန်၊ ဩစတြေးလျ၊ UK၊ ဟောင်ကောင်အပါအဝင် ကမ္ဘာအနှံ့ ပြန့်နှံ့ရောက်ရှိ...

HTY Information 9 months ago

လှိုင်သာယာမြို့နယ်တွင်းရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသောနေရာနှင့် ကင်...

HTY Information 8 months ago