HTY Information 2 months ago

ကိုဇေယျာသော်နှင့် ကိုဂျင်မီ တို့နေအိမ်များ ဆူပူသောင်းကြမ်းမှုတွင် လှိုင်သာယာအုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ ထန်းတပင်ကျေးရွာများမှ စစ်တပ်ထောက်ခံသူများပါဝင်နေ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နဲ့ ကျောက်တံတားမြို့နယ်များမှာရှိသော စစ်ကောင်စီရဲ့ ကွပ်မျက်ခြင်းခံရတဲ့ ကိုဇေယျာသော်၊ ကိုဂျင်မီ တို့ရဲ့ နေအိမ်များကို ဒီကနေ့ နေလယ်ပိုင်းက အရပ်ဝတ်လူတစ်စု လာရောက် ဆူပူသောင်းကြမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဆို သွားရောက်ဆူပူသောင်းကြမ်းသူများရဲ့ ရုပ်သံမှတ်တမ်းများမှတစ်ဆင့် လှိုင်သာယာမြို့နယ် အစွန်အ ဖျားဘက်တွေမှာရှိတဲ့ ကျေးရွာတွေနဲ့ ထန်းတပင်မြို့နယ် ကျေးရွာများဘက်မှ စစ်တပ်ထောက်ခံသူ ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်တွေကိုလည်း တွေ့ရှိရပါသည်။

HTY Info ရဲ့ အဆင့်ဆင့်စုံစမ်းဖော်ထုတ်မှုတွေအရ ယခုပုံမှာပါရှိသူသည် လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာက အုပ်ချုပ်ရေးမှူးရဲ့နောက်လိုက်ဖြစ်သော " မြင့်သူ " အားတွေ့ရပြီး ခိုင်လုံတဲ့သတင်း အရင်းအမြစ်တွေအရ အများစုမှာ ထန်းတပင်မြို့နယ်အတွင်းရှိ ရိုးကြီး/ရိုးလေး၊ ဒိတ်ကုန်း၊ ပေါက်တန်း၊ ရေးတွင်းကုန်းကျေးရွာအပါအဝင်၊ ဝါးတရာကျေးရွာများဘက်မှ တစ်ရွာ (၃)ဦး နှုန်းဖြင့် နံနက် (၇:၀၀)မှာ လာရောက်ခေါ်ဆောင်ဆောင်သွားတယ်လို့ သိရပါတယ်။ 

ဒါပြင်အဆိုပါ ဆူပူသောင်းကြမ်းနေသူများထဲ တူချောင်း၊ ထိန်ကုန်း၊ ကုန်းတလိကျေးရွာများမှ ရဲသတင်းပေးများလည်းပါဝင်နေတာတွေ့ရပါတယ်လို့ ရွာခံတွေက ပုံနဲ့တကွ လာရောက်သတင်းပေးပို့ကြတယ်။

ယခုလို ဆူပူသောင်းကြမ်းခဲ့ကြသူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးတာမျိုးမလုပ်တဲ့အပြင် စစ်ဆေးတာမျိုးလည်း ယခုထိမကြားသိရသေးပါဘူး။

ဇူလိုင်လ ၂၇ ရက် ၊ ၂၀၂၂ 


#ရန်ကုန်မြို့

#ဆူပူသောင်းကြမ်းသူများ

#HTY_Information

လှိုင်သာယာမြို့နယ် (၅၃၂)တပ်ရင်းအနီး တပ်ထိပ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား...

HTY Information 6 months ago

ရပ်တည်ဖို့ခက်ခဲလာတဲ့အတွက် မြို့ပြကိုစွန့်ခွာသွားကြတဲ့ UG များထဲ လှိုင်...

HTY Information 4 months ago

ရန်ကုန်၊လှိုင်သာယာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်များသုံးကာ ခြိမ်းခြေ...

HTY Information 8 months ago

ဒေါ်လာဈေးကျဆင်းရန်ဟုဆိုခါ ဗဟိုဘဏ်မှ တစ်ပတ်အတွင်း ဒေါ်လာ သန်း၄၀ ထုတ်ရော...

HTY Information 1 year ago

မြောက်ဥက္ကလာတွင် တံတားလုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပ...

HTY Information 11 months ago