ဓာတ်ငွေ့ပိုက်လိုင်းများ လုံခြုံစွာနဲ့ ချောမောစွာ လည်ပတ်နိုင်ဖို့ အာမခံချက်ပေးရန် တရုတ်က တောင်းဆို

တရုတ်-မြန်မာ သွယ်တန်းထားသော ရေနံနဲ့ သဘာဝဓာတ် ငွေ့ပိုက်လိုင်းတွေ လုံခြံစွာနဲ့ ချောမောစွာ လည်ပတ်နိုင်ဖို့ အာမခံချက်ပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံဆွေးနွေးမှုမှာ ထည့်သွင်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ သီးခြားတွေ့ဆုံခဲ့ကြပြီး ဓာတ်ငွေ့ပိုက်လိုင်းကိစ္စအပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် တည်ဆောက်မှုကို တွန်းအားပေးဖို့ကိုလည်း နှစ်ဖက်သဘောတူခဲ့ကြတဲ့အပြင် နယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်းကွန်ရက် သဘောတူညီချက်ဖော်ဆောင်ရေးကို ကောင်းမွန်စွာ ဆောင်ရွက်ဖို့နဲ့ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တစ်ဆင့်တိုး တိုးမြှင့်ဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ သိရှိရပါသည်။

စီးပွားရေးနာလန်ထူရေးအတွက် ဦး စားပေးဆောင်ရွက်သွားဖို့နဲ့ လက်ရှိကြုံတွေ့နေရတဲ့ စိန် ခေါ်မှုတွေကို ထိရောက်စွာ တုံ့ပြန်နိုင်မယ်လို့ ယူဆရတာကြောင့် တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ် (Global Development Initiative) ကို ဦးဝဏ္ဏမောင်လွင်က ထောက်ခံကြိုဆိုတယ်လို့ ဆိုပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇူလိုင်လ ၅ ရက် ၊ ၂၀၂၂


#တရုတ်_မြန်မာ

#တွေ့ဆုံမှု

#HTY_Information

လှိုင်သာယာရှိကျူးကျော်နေအိမ်များအား ဖိအားပေးဖျက်သိမ်းနေမှုများ ချက်ချင...

HTY Information 9 months ago

ပြည်သူများငြိမ်းချမ်းရေးအရသာခံစားသိရှိစေဖို့ကြိုးပမ်းခဲ့ပေမဲ့ ငြိမ်းချ...

HTY Information 4 months ago

အာဏာသိမ်းစစ်ကောင်စီလက်ထက် အခြေခံကျောင်းများရဲ့ အတန်းတင်စာမေးပွဲကို ယခု...

HTY Information 6 months ago

နိုင်ငံတကာကပြစ်တင်ဝေဖန် တားမြစ်ပိတ်ပင်ခံရသော စစ်အုပ်စုကို စီမံကိန်းလုပ...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်အတွင်းရှိ ရွှေရင်အေး ရွှေဆိုင်အား နေ့ခင်းကြောင်တောင်...

HTY Information 7 months ago