🏦ဗဟိုဘဏ်မှ ငွေကြေးဆုံးရှုံးများမဖြစ်ပေါ်နိုင်ကြောင်း ကြေညာချက်ပြန်ပြီးနောက် ငွေထုတ်ယူမှုများ ပိုမိုများပြားလာ

မကြာသေးခင်ရက်အနည်းငယ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေကြေးဆုံးရှုံးမှုများမဖြစ်ပေါ်နိုင်ကြောင်း ၊ ဘဏ်တွေပြိုလဲဖို့ဆိုတာမရှိကြောင်း ၊ အတင်းအကြပ်ငွေထုတ်ယူစရာမလိုကြောင်း နှင့် ငွေပြန်လည်အပ်နှံသူအများအပြားရှိလာကြောင်း ကြေညာချက်ထုတ်ပြန်ပြီးချိန်မှစ၍ အချိန်စောလျှင်စွာ တန်းစီစောင့်ဆိုင်းပြီး ATM စက်များနှင့် ဘဏ်များတွင် ငွေထုတ်ယူမှုများသာ ပိုမိုများပြားလာခဲ့ကြောင်းသိရသည်။ "အခုလိုခေတ်ကြီးထဲမှာ ဗဟိုဘဏ်မပြောနဲ့ ကမ္ဘာ့ဘဏ်ပါ အာမခံရင်တောင် ရရင်ရသလို ကို့ပိုက်ဆံတော့ ကိုယ်ပြန်ထုတ်ရမှာပဲ ။ ရှေ့လျှောက်ဘာဖြစ်လာမယ်မှန်း ဘယ်သူမှမသိနိုင်သလို ပုံမှန်မဟုတ်တဲ့ အမိန့်တွေကလည်း အာဏာသိမ်းကောင်ရဲ့ ပါးစပ်ကပြောချင်သလိုပြော ထုတ်ချင်သလိုထုတ်နေတာ အဲ့တော့ ယုံကြည်မှုဆိုတာ ဘယ်သူမှမရှိတော့ဘူး ၊ ဘဏ်တွေပြိုလဲလာနိုင်လာမေးရင်တော့ အာဏာသိမ်းတဲ့ သူသာအသိဆုံးဖြစ်မှာပဲ အခုဆိုကြည့်လေ အဲ့လူအာဏာရူးတာနဲ့ ပြည်သူတွေ ဘယ်လောက်ဒုက္ခရောက်ကြလဲ ဒါမြို့ပေါ်ပဲရှိသေးတယ် အခြားနေရာတွေဆို စဉ်းစားသာကြည့်ပေါ့ " ဟု အမည်မဖော်လိုသူတစ်ဦးမှ HTY Information သို့ဖြေကြားသွားခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာလုယူခဲ့တာ ယနေ့နဲ့ဆို ( ၉၇ ) ရက် တိတိရှိခဲ့ပြီး အဖက်မှချွတ်ခြုံကျလာခါ အားလုံးပြန်မှန်ပြန်လည်ပတ်နေပြီဆိုသောစကားသည် စစ်ကောင်စီ နှင့် MWD / MRTV တို့ရဲ့ လျှာရိုးမရှိတိုင်း ရွှေကြာပါးစပ်နဲ့ ပြောကြားနေခြင်းသာဖြစ်သည်။ #ဓာတ်ပုံ_CJ #HTY_Information #လှိုင်သာယာမြို့နယ်_Information

ရန်ကုန်မြို့မှာရှိတဲ့ ရွှေဆိုင်တွေကို တစ်နေ့ရောင်းရတဲ့ ရွှေပမာဏစာရင်းတ...

HTY Information 6 months ago

သင်တန်းပြီးဆုံးသည်နှင့် သူနာပြုသင်တန်းသူ၊သင်တန်းသားများအား နိုင်ငံဝန်ထ...

HTY Information 11 months ago

ဝင်မနားနယ်မြေခံရဲစခန်းကို ကနီ PDF မှ ဝင်ရောက်စီးနင်း၊ ရဲမေတစ်ဦးနှင့် စ...

HTY Information 1 year ago

သတင်းအမှောင်ကျနေသော ထန်းတပင်မြို့နယ်ရှိ ကျေးရွာအချို့မှ ရွာခံ (၉) ဦးအာ...

HTY Information 9 months ago

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်...

HTY Information 9 months ago