HTY Information 9 months ago

အမေရိကန်လက်နက်တင်ပို့မှုပိတ်ပင်လိုက်တာကြောင့် USA ထုတ်လက်နက်မှန်သမျှ ဖျက်ဆီးပစ်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က စစ်တပ်ကို အမိန့်ပေး

ကမ္ဘောဒီးယားနိုင်ငံရဲ့ အခွင့်အရေးဆိုင်ရာ စိုးရိမ်ရမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ တရုတ် လွှမ်းမိုးလာတဲ့ အခြေအနေတွေအပြင် တရုတ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးတွေကြောင့်ဟုဆိုကာ လက်နက်တင်ပို့မှု ပိတ်ပင်လိုက်ကြောင်း အမေရိကန်အစိုးရက ကြေညာပြီးနောက်မှာ လက်နက်တိုက်တွေထဲက အမေရိကန် လက်နက်မှန်သမျှ ဖျက်ဆီးပစ်ဖို့ (ဒါမမဟုတ်) ဂိုဒေါင်ထဲ စွန့်ပစ်ထားလိုက်ဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က စစ်တပ်ကို အမိန့်ပေးခဲ့ပါကြောင်း CNA သတင်းဌာ၏ဖော်ပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၈)ရက်နေ့က ကမ္ဘောဒီယားနိုင်ငံဟာ အထက်ပါ လုပ်ဆောင်ချက်တွေရှိနေတဲ့အတွက် အမေရိကန်အစိုးရက ကမ္ဘောဒီးယားနိုင်ငံအား လက်နက်တင်ပို့မှု ပိတ်ပင်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

ဒါပြင် ကာကွယ်ရေးဆိုင်ရာ အရာဝတ္ထု့ပစ္စည်းတွေနဲ့ ကာကွယ်ရေးဝန်ဆောင်မှုတွေကို ကမ္ဘောဒီးယားစစ်တပ်နဲ့ ထောက်လှမ်းရေးအေဂျင်စီတွေ ရရှိနိုင်ခွင့် ကန့်သတ်ဖို့ရည်ရွယ်ကာ အခုလို ပိတ်ပင်မှုလုပ်ခဲ့တာလို့ အမေရိကန် နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနတွေက ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ 

အဆိုပါ ပိတ်ပင်တားမြစ်ခံရသည့်အတွက် ကမ္ဘောဒီးယားမှာ လက်ရှိ ရှိနေတဲ့ လက်နက်တွေ၊ စစ်သုံးပစ္စည်းတွေကို ချက်ချင်း ပြန်လည်ဆန်းစစ်မှုလုပ်ဖို့ စစ်တပ်ယူနစ်အားလုံးကို မိမိ အမိန့်ပေးကြောင်း၊ ရှိနေတဲ့ အမေရိကန် လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေကို ဂိုဒေါင်ထဲ ထည့်သိမ်းရင်သိမ်း ဒါမှမဟုတ် ဖျက်ဆီးပစ်ရမယ်လို့ ဟွန်ဆန်က ပြောဆိုခဲ့ပြီး အနာဂတ်မှာ အစိုးရအဖွဲ့ကို ဦးဆောင်ကြမယ့် ကမ္ဘောဒီးယား မျိုးဆက်သစ်တွေအနေနဲ့ လွတ်လပ်တဲ့ ကာကွယ်ရေးကဏ္ဍတစ်ခု ထူထောင်လိုတယ်ဆိုရင် အမေရိကန် လက်နက်တွေကို မသုံးကြဖို့ သတင်းစကား ပါးလိုက်ကြောင်းနှင့် အမေရိကန် လက်နက် သုံးခဲ့သူများစွာ စစ်ပွဲတွေ ရှုံးခဲ့တာပါပဲ လို့လည်း အာဖဂန်စစ်ပွဲကို ရည်ညွှန်းကာ ဟွန်ဆန်က ပြောဆိုလိုက်ပါသည်။ 

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဒီဇင်ဘာလ ၁၁ ရက် ၊ ၂၀၂၁


#InternationalNews

#Rf_CNA

#Cambodia

#HTY_Information

မြန်မာစစ်တပ်ကို ရေဒါနည်းပညာဆိုင်ရာ ပညာပေးပြောကြားမည့် စင်္ကာပူလူမျိုးက...

HTY Information 11 months ago

အမျိုးသားညီညွှတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်ဝယ်ယူခြင်းဟာ တရားဝင်မှုမရှိသ...

HTY Information 10 months ago

ရန်ကုန်မြို့ရဲ့ အချက်အချာကျသော နေရာမှာဖွင့်လှစ်ထားပြီး နာမည်ကျော် လူသိ...

HTY Information 7 months ago

ကန်နိုင်ငံမှ အာဖဂန်ပြည်သူအများအား ကူညီကယ်ဆယ်ရေးကြိုးပမ်းနေစဉ် တရုတ်နို...

HTY Information 1 year ago

လူသားချင်းစာနာထောက်ထားမှုဖြင့် အာဆီယံမှလှူတန်းမည့် အလှူငွေနှင့် ပစ္စည်...

HTY Information 1 year ago