အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုခဲ့တာကြောင့် ဗြိတိန်သံအမတ်တွေကို နိုင်ငံကထွက်သွားဖို့ စစ်ကောင်စီဖိအားပေး

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းယူလိုက်ချိန်မှစ၍ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပေးခဲ့ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းမရှိတဲ့အတွက် ဗြိတိန် သံအ မတ်တွေကို မြန်မာနိုင်ငံမှထွက်ခွာဖို့ အတင်းအကြပ်ဖိအားပေးနေတယ်လို့ သံအမတ်ကြီးရဲ့ တွစ်တာတွင် ဒီကနေ့မှာပဲ ရေးသားဖော်ပြထားပါတယ်။

သံအမတ်ကြီးက " မြန်မာမှထွက်ခွာရသည့်အတွက် စိတ်မကောင်း ဝမ်းနည်းစရာဖြစ်သော်လည်း ရက်စက်ကြမ်း ကြုတ်သည့် အာဏာသိမ်းမှုကို တရားဝင်ထောက်မခံခဲ့ရတဲ့အတွက် ဝမ်းမြောက်စရာဖြစ်တယ်" လို့ဆိုပါတယ်။

ဒါပြင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ အမြဲတမ်းရပ်တည်နေမှာဖြစ်ပြီး ငြိမ်းချမ်းရေးလွတ်လပ်ခွင့် တရားမျှတမှုတွေအတွက် အမြဲတမ်းအတူရှိနေမှာဖြစ်တယ်လို့ ဖော်ပြထားပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇူလိုင် ၁၃ ရက် ၊ ၂၀၂၂


#ဗြိတိန်သံရုံးမြန်မာနိုင်ငံမှထွက်ခွာ

#YangonFreedomPress

မြန်မာ့ရွှေဈေးကွက် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆက်လက်မြင့်တတ်

HTY Information 1 year ago

Spring Revolution

HTY Information 1 year ago

လှိုင်သာယာမြို့နယ် ရပ်ကွက်ဧည့်စာရင်းရုံး ဗုံးပေါက်ကွဲ၍ ရာအိမ်မှူးအပါအဝ...

HTY Information 8 months ago

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှပြည်သူ့အာဏာလုယူခဲ့သည်မှာ ရက်(၁၀၀)ပြည့်ခဲ...

HTY Information 1 year ago

တူရကီ၊ ဂရိ၊ အီတလီ၊ စပိန် နိုင်ငံများတွင် အပူချိန်မြင့်မားမှုကြောင့် တ...

HTY Information 1 year ago