မြန်မာနိုင်ငံတွင် စစ်ကောင်စီမှပြည်သူ့အာဏာလုယူခဲ့သည်မှာ ရက်(၁၀၀)ပြည့်ခဲ့ပြီဖြစ်သည်

လူသတ်အကြမ်းဖက် စစ်ကောင်စီမှ ပြည်သူ့အာဏာအားလုယူသိမ်းပိုက်ခဲ့သည်မှာ ယနေ့နဲ့ဆို ရက် (၁၀၀) ပြည့်ခဲ့ပြီဖြစ်သည်။ ယမံနေ့ မေလ ၁၀ ရက်နေ့ထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများဖော်ပြချက်အရ 🔺အကြမ်းဖက် ဖြိုခွင်းခံရမှုအတွင်း သေဆုံးသူ ▪️ ( ၇၈၀ ) ဦး 🔸ဖမ်းဆီးခံထားရသူ ▫️ ( ၃၈၂၆ ) ဦး 🔹ဖမ်းဝရမ်းထုတ်ခံရသူ ▫️ ( ၁၅၄၀ ) ဦး အထိရှိခဲ့ပြီဖြစ်သည်။ ဖေဖော်ဝါရီလ (၁) ရက်နေ့ ပြည်သူ့အာဏာလုယူသွားချိန်မှစ၍ ယနေ့ မေလ (၁၁) ရက် (ရက်ပေါင်း ၁၀၀)ပြည့်သည်အထိ စစ်ကောင်စီသည် တပ်မတော်ပိုင် MWD / MRTV Channel ( ၂ ) ခုနှင့် နိုင်ငံပိုင် ရတနာပုံ / ကြေးမုံ သတင်းစာ (၂) ခု တို့ကိုသာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နိုင်ငံတွင်း အဖက်ဖက်က တိုးတတ်နေမှုများ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေး အစရှိသည်များ ရပ်တန့်သွားခဲ့ပြီး ယခုဆို အဖက်ဖက်က ပြိုကျပျက်စီးနေခဲ့ပြီးလည်းဖြစ်ပါသည်။ ယနေ့ထိတိုင် လက်နက်မဲ့ပြည်သူများအနေဖြင့် လက်နက်အားကိုးကျွန်ပါးဝနေသော စစ်အုပ်ချုပ်မှုကြီးကို နည်းမျိုးစုံ ပုံစံမျိုးစုံဖြင့် ဆန့်ကျင့်တော်လှန်နေစဲလည်းဖြစ်သည်။အတင်းအဓမ္မလုယူသိမ်းပိုက်ထားသော ပြည်သူ့အာဏာအား စစ်ကောင်စီမှတည်မြဲရေးအတွက် ကြိုးပမ်းနေခဲ့ပေမဲ့ သတ်ဖြတ်မှုမှလွဲ၍ အခြားဘာမှမရှိနေခဲ့ပေ တောင်ပေါ်မြေပြန့် တိုင်းရင်းသားပြည်သူများ၏စည်းလုံးညီညွတ်မှု ပညာတတ်အသိညဏ်ရှိသူများ၏ရပ်တည်မှုတို့ကြောင့် ယနေ့ထိတိုင် စစ်ကောင်စီမှ အာဏာမရရှိခဲ့သည်မှာ ပြည်သူအများ မျက်ဝါးထင်ထင်တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့်မဝေးတော့တဲ့အနာဂတ်အတွက် ပြည်သူတစ်ရပ်လုံး (ဦးနှောက်မဲ့သူများမပါ) ယခုထက်ပို၍ စည်းလုံးညီညွတ်တွန်းလှန်နေဦးမယ်ဆိုရင် ဒီနွေဦးတော်လှန်ရေးကြီးဟာ ဧကန်မုချ အောင်မြင်တော့မည်ဖြစ်ပါကြောင်းရေးသားရင်း.....အရေးတော်ပုံအောင်ရမည် အရေးတော်ပုံ အောင်ရမည် အရေးတော်ပုံ အောင်ရမည် #လေးစားစွာဖြင့် #HTY_Information

သြဂုတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် က ၁၀၀ ကျော်သေဆုံးဟု KNU တ...

HTY Information 1 year ago

နယ်မြေကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီကို KNLA တပ်မဟာ ၆ ကြားဖြတ်တိုက်...

HTY Information 1 year ago

စစ်တပ်နှင့်ဆက်လက်ပူးပေါင်းလုပ်ဆောင်နေသော အိန္ဒိယကုမ္မဏီ၏ ဆိပ်ကမ်းတည်ဆေ...

HTY Information 11 months ago

အမှတ်၃လမ်းမကြီးရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ဖို့ ယာဉ်ကြီးအခ...

HTY Information 8 months ago

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အချို့မှစတင်၍ နေအိမ်ရှိ လူစာရင်းများ စတင...

HTY Information 1 year ago